Connect with us

Hi, what are you looking for?

News

သေရမည်ကိုမကြောက်ဘဲ မပြီးဆုံးသေးသည့် တော်လှန်ရေးကိုညီညွတ်စွာလုပ်ဆောင်ကြရန် KNU တပ်မဟာ(၇) တပ်မဟာမှူးပြော

KNU တပ်မဟာ ခုနစ်ခုအနက် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသည့် တစ်ခုတည်းသော တပ်မဟာဖြစ်သော တပ်မဟာ(၇)ဌာနချုပ်တွင် (၇၃)နှစ်မြောက် ကရင့်တော်လှန် ရေးနေ့ အခမ်းအနား ယနေ့ကျင်းပရာ ဗိုလ်မှူးချုပ်စောဖောဒိုက မိန့်ခွန်း ပြောကြားခဲ့သည်။

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးပေါင်းစပ်ပြီဟုဆို

မပြီးဆုံးသေးသည့် တော်လှန်ရေးလုပ်ငန်းများ အောင်မြင်အောင် လက်ရှိအသက်ရှင်နေသည့် ညီအကိုများ ညီညွတ်စွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖောဒိုက ပြောကြားသည်။

KNU တပ်မဟာ ခုနစ်ခုအနက် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသည့် တစ်ခုတည်းသော တပ်မဟာဖြစ်သော တပ်မဟာ(၇)ဌာနချုပ်တွင် (၇၃)နှစ်မြောက် ကရင့်တော်လှန် ရေးနေ့ အခမ်းအနား ယနေ့ကျင်းပရာ ဗိုလ်မှူးချုပ်စောဖောဒိုက မိန့်ခွန်း ပြောကြားခဲ့သည်။

“ပစ္စုပ္ပန်ကာလမှာ ကျွန်တော်တို့တွေဘာကို ရင်ဆိုင်နေရလဲ အားလုံးသိတယ်နော်။ နွေဦးတော်လှန်ရေးနဲ့ ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တော်လှန်ရေးက ပေါင်းစပ်ပြီ။ အဲဒီတော့ ပစ္စုပ္ပန်ကာလမှာ ကျွန်တော်တို့ တော်လှန်ရေးသမားတွေက ဘယ်လိုလုပ်ကြမလဲ ဘာတွေလုပ်သင့်သလဲ။ ဒါအရေးကြီးတဲ့အချက်ဖြစ်တယ်။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးလုပ်ငန်းတွေကိုလုပ်ရမှာက အခုအသက်ရှင်နေတဲ့ ကျွန်တော်တို့ ညီအကိုတတွေ ညီညီညွတ်ညွတ်လုပ်ရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် မြို့တွင်း၌လည်း တိုက်ခိုက်နေပြီဖြစ်ကြောင်း ထို့ကြောင့် သေရမှာမကြောက်ကြရန် အားပေးစကားပြောချင်ကြောင်း တပ်မဟာ(၇)တပ်မဟာမှူးက ပြောသည်။

“လူက တစ်ခါပဲသေရမှာ နှစ်ခါဘယ်သူမှ မသေဘူး”ဟု ဗိုလ်မှူးချုပ်စောဖောဒိုက ပြောသည်။

ထို့အပြင် တစ်ဦးနှင့်တစ်ဦး အပြစ်မတင်ကြရန်နှင့် တော်လှန်ရေးအောင်မြင်မှုရရေး တစ်ကမ္ဘာလုံးရှိ မြန်မာနိုင်ငံသားအားလုံး၌ တဝန်ရှိကြောင်း ၎င်းက ဆိုသည်။

“တစ်နိုင်ငံလုံး ပြည်သူပြည်သားတွေ အိမ်မက်တွေပျက်နေရတယ်။မိသားစုတွေ တကွဲတပြဲ သေကြေပျက်စီး ဒုက္ခရောက်နေရတယ်။ တချို့ကလည်း နိုင်ငံခြား ထွက်ပြေးကုန်ပြီ။ နိုင်ငံခြားရောက်ရင်လည်း မလျှော့ကြပါနဲ့ နိုင်ငံခြားလည်း ရောက်လည်း လုပ်နိုင်တဲ့ဘက်ကို ကူညီကြပါ ဝိုင်းဝန်းကြပါ။ ကျွန်တော်တို့ ညီညွတ်မှဒီတော်လှန်ရေးအောင်မြင်မှာ။ အာဏာရှင်စနစ်မရှိမှသာလျင် ကျွန်တော်တို့ နိုင်ငံတော် အေးချမ်းမယ်သာယာမယ်။ ဖွံ့ဖြိုးမယ်၊ တိုးတက်မယ်။ သူများနိုင်ငံ တိုးတက်သလို အေးချမ်းသလို ကျွန်တော်တို့နိုင်ငံလည်း အေးချမ်းချင်တယ် တိုးတက်ချင်တယ်”ဟု ဗိုလ်မှူးချုပ် စောဖောဒိုက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။