Connect with us

Hi, what are you looking for?

News

အလုံရှိ စစ်ကောင်စီထောက်တိုင် Mytel ရုံးနှင့် One Stop Mart အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခံရ

“Mytel ကသစ်သားလုံးချင်းဆိုတော့ တစ်ဆိုင်လုံးကုန်တဲ့အနေအထားမှာရှိတယ်။ One Stop Mart ကတိုက်ဆိုတော့ မီးပဲကျွမ်းတယ်” ဟု ယင်းအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရန်ကုန်မြို့ အလုံမြို့နယ် ကွင်းချောင်းလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်ဖြစ်သော Mytel ရုံးနှင့် One Stop Martကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း Special Task Agency of Burma (STA) က သတင်းထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂ ရက်) နံနက် ၄နာရီ ၄၅မိနစ်တွင် ယင်းဖောက်ခွဲမှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Mytel ရုံးနှင့် One Stop Mart နှစ်ခုစလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

“Mytel ကသစ်သားလုံးချင်းဆိုတော့ တစ်ဆိုင်လုံးကုန်တဲ့အနေအထားမှာရှိတယ်။ One Stop Mart ကတိုက်ဆိုတော့ မီးပဲကျွမ်းတယ်” ဟု ယင်းအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူများက အထိအခိုက်အနည်းဆုံးဖြစ်အောင် အချိန်ယူပြင်ဆင်၍ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး STA အဖွဲ့သားများအားလုံး ဘေးကင်းကြောင်းလည်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

လတ်တလောတွင် ၎င်းတို့လုပ်ဆောင်သည့် စစ်ဆင်ရေးများကို အများပြည်သူများသိစေရန်တင်ပေးနေသည့် ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာလည်း ထူးဆီဆိုင်အား တိုက်ခိုက်သည့် သတင်းအသိပေးဖော်ပြပြီးချိန်၌ ဖျက်ချခံခဲ့ရကြောင်း STA အဖွဲ့ဝင်က ပြောသည်။

“ကြိုတင်ပြင်ဆင်ထားတဲ့ ပေ့ချ်တစ်ခုရှိပေမယ့် လူတွေဆီ ပေ့ချ်ကိုပြန်သိအောင်လုပ်ဖို့က ခက်နေတာ။ ပြီးတော့ နောက်တစ်ခါအဘန်းခံရရင်လည်း မခံသာဘူး”ဟု ယင်းအဖွဲ့ဝင်က ပြောသည်။

STA အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီ၏ ထောက်တိုင်များကို ရှင်းလင်းဖျက်ဆီး ရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

ဇန်နဝါရီအတွင်းက အေးနေဝင်းမိသားစုပိုင် YBS -56 ကားနှစ်စီးနှင့် ထူးဆီဆိုင်တစ်ဆိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်းကလည်း စစ်ကောင်စီအား ဆီများတင်ပို့ပေးနေသော မြတ်မေတ္တာမွန်ဆီဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။