Connect with us

Hi, what are you looking for?

News

မင်းကင်းမြို့နယ်တွင် စစ်​ကောင်စီနှင့် ပျူ​​စောထီးများလိုက်ပါလာ​သော ယမ်းစက်​လှေငါးစီးကို တိုက်ခိုက်ရာ​ သေဆုံးထိခိုက်မှုများဟု မင်းကင်းPDF​ခေါင်း​ဆောင်​ပြော

“မင်းကင်း ဘင်ကျွန်းရွာ ရဲ့ တစ်ဖက်ကမ်း ဘက် ကျောက်လှေခါးရွာဘက်မှာ စစ်ခွေးတွေရဲ့ လက်နက် ခဲယမ်းရိက္ခာတင်ထားတဲ့ ထောက်ပို့ရေယာဥ်ငါးစီးမိုင်းမိတာပေါ့”ဟု ၎င်းက ဆက်​ပြောသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင်းသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ယမ်းစက်လှေငါးစီးခန့် အပါအဝင် စစ်ကောင်စီ နှင့် ပျူစောထီးအများအ ပြား သေဆုံးထိ့ခိုက်ပျက်စီးကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်သံလုံးက လူထုနွေဦးသို့ ပြောသည်။

“မင်းကင်း ဘင်ကျွန်းရွာ ရဲ့ တစ်ဖက်ကမ်း ဘက် ကျောက်လှေခါးရွာဘက်မှာ စစ်ခွေးတွေရဲ့ လက်နက် ခဲယမ်းရိက္ခာတင်ထားတဲ့ ထောက်ပို့ရေယာဥ်ငါးစီးမိုင်းမိတာပေါ့”ဟု ၎င်းက ဆက်​ပြောသည်။

သို့သော် ယနေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ပျူစောထီး များ သေဆုံးသည့်အရေအတွက် ကိုမူ မခန့်မှန်းနိုင်သေးဟု ဗိုလ်သံလုံးက​ပြောသည်။

Public Service Announcement

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်စစ်ကောင်စီရေယာဥ်များသည် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးစုစု​ပေါင်း အင်အား ၂၀၀ ခန့်လိုက်ပါလျက် ဇန်နဝါရီ ၃၁ ရက်ကစ၍ မင်းကင်းမြို့နယ်တွင်သို့ စတင်ဝင်ရောက်ပြီး ကျေးရွာများကို မီးရှို့နေသည့် အဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ရက်တွင် မင်းကင်းမြို့နယ်၌အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများကမီးရှို့ဖျက်ဆီးသွားသော အိမ်ခြေ ​ပေါင်း ၂၀၀ ခန့်ရှိပြီး ဘင်ရွာတစ်ရွာတည်းတွင် အိမ်ခြေ ၁၅၀ကျော်ခန့် မီးရှို့ခံခဲ့ရသည်။

အလားတူ အနောက်တောကျေးရွာသုံးအိမ်၊အုန္နဲဘုတ်ကျေးရွာ ​လေးအိမ်နှင့် တဲတန်းကျေးရွာ ၂၇ အိမ် မီးလောင် ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဒေသခံ ရွာသူရွာသား ၃၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook