Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းမြို့နယ်တွင် စစ်​ကောင်စီနှင့် ပျူ​​စောထီးများလိုက်ပါလာ​သော ယမ်းစက်​လှေငါးစီးကို တိုက်ခိုက်ရာ​ သေဆုံးထိခိုက်မှုများဟု မင်းကင်းPDF​ခေါင်း​ဆောင်​ပြော

“မင်းကင်း ဘင်ကျွန်းရွာ ရဲ့ တစ်ဖက်ကမ်း ဘက် ကျောက်လှေခါးရွာဘက်မှာ စစ်ခွေးတွေရဲ့ လက်နက် ခဲယမ်းရိက္ခာတင်ထားတဲ့ ထောက်ပို့ရေယာဥ်ငါးစီးမိုင်းမိတာပေါ့”ဟု ၎င်းက ဆက်​ပြောသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင်းသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ယမ်းစက်လှေငါးစီးခန့် အပါအဝင် စစ်ကောင်စီ နှင့် ပျူစောထီးအများအ ပြား သေဆုံးထိ့ခိုက်ပျက်စီးကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်သံလုံးက လူထုနွေဦးသို့ ပြောသည်။

“မင်းကင်း ဘင်ကျွန်းရွာ ရဲ့ တစ်ဖက်ကမ်း ဘက် ကျောက်လှေခါးရွာဘက်မှာ စစ်ခွေးတွေရဲ့ လက်နက် ခဲယမ်းရိက္ခာတင်ထားတဲ့ ထောက်ပို့ရေယာဥ်ငါးစီးမိုင်းမိတာပေါ့”ဟု ၎င်းက ဆက်​ပြောသည်။

သို့သော် ယနေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ပျူစောထီး များ သေဆုံးသည့်အရေအတွက် ကိုမူ မခန့်မှန်းနိုင်သေးဟု ဗိုလ်သံလုံးက​ပြောသည်။

Public Service Announcement

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်စစ်ကောင်စီရေယာဥ်များသည် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးစုစု​ပေါင်း အင်အား ၂၀၀ ခန့်လိုက်ပါလျက် ဇန်နဝါရီ ၃၁ ရက်ကစ၍ မင်းကင်းမြို့နယ်တွင်သို့ စတင်ဝင်ရောက်ပြီး ကျေးရွာများကို မီးရှို့နေသည့် အဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ရက်တွင် မင်းကင်းမြို့နယ်၌အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများကမီးရှို့ဖျက်ဆီးသွားသော အိမ်ခြေ ​ပေါင်း ၂၀၀ ခန့်ရှိပြီး ဘင်ရွာတစ်ရွာတည်းတွင် အိမ်ခြေ ၁၅၀ကျော်ခန့် မီးရှို့ခံခဲ့ရသည်။

အလားတူ အနောက်တောကျေးရွာသုံးအိမ်၊အုန္နဲဘုတ်ကျေးရွာ ​လေးအိမ်နှင့် တဲတန်းကျေးရွာ ၂၇ အိမ် မီးလောင် ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဒေသခံ ရွာသူရွာသား ၃၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။