Connect with us

Hi, what are you looking for?

News

က​လေး​တောင်ပိုင်းတွင် စစ်​ကောင်စီတပ် မိုင်းပ​ဒေသာထိ ၃၀ ဦးခန့်ထိခိုက်​သေဆုံး ၊ တိုက်ပွဲတွင် PDF နှစ်ဦးကျဆုံး

မိုင်းထိမှန်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်။ထိုနောက် မိုင်းထိမှန်ထားသူများကို ကားပေါ်တင်၍ ကလေးမြို့တောင်ပိုင်းသို့ ဆက်လက်ထွက်ခွာသွားသည်ဟု PDF(ကလေး) ကထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်း နတ်မြောင်းရွာကို ချီတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်း ၂၈ လုံးဖြင့် တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးခန့်ထိမှန်ခဲ့ကြောင်း PDF(ကလေး)က ထုတ်ပြန်သည်။

ယနေ့ မနက် ၅နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကား၇ စီးဖြင့်လာရောက်ပြီး စည်သာရွာနှင့် နတ်မြောင်းရွာကြား ရပ်တန့်ကာ လမ်းလျှောက် တပ်ဖြန့်တက်လာစဉ် ဒေသခံကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းထိမှန်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်။ထိုနောက် မိုင်းထိမှန်ထားသူများကို ကားပေါ်တင်၍ ကလေးမြို့တောင်ပိုင်းသို့ ဆက်လက်ထွက်ခွာသွားသည်ဟု PDF(ကလေး) ကထုတ်ပြန်သည်။

ညနေပိုင်းတွင် စစ်ကား ၅စီးသည် ကလေးမြို့မှ ကလေးမြို့တောင်ပိုင်းကို ထွက်လာပြီး နည်းပညာတက္ကသိုလ် (ကလေး)ထဲဝင်သွားသည်။ ညနေ ၅ နာရီခန့်တွင် ကလေးနည်းပညာတက္ကသိုလ်မှာ သာယာကုန်းရွာဘက်ကို စစ်ကြောင်းဖြန့်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PDF(ကလေး) ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် PDF(ကလေး)ဘက်မှာ ၂ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီဖက် ထိခိုက်ကျဆုံးမူကို အတည်မပြုနိုင်ခဲ့ဟု PDF(ကလေး)ကထုတ်ပြန်ထားသည်။

အခြားတိုက်ပွဲတစ်ခုမှာ ယမန့်နေ့က Zomi PDF၏ ကလေးခရိုင် တပ်ရင်း ၈ မှ ရဲဘော်များသည် ကလေးမြို့နယ်၊ ရေရှင်ရွာရှိ ကင်းစောင့်နေစဉ် အကြမ်းဖက်စစ်ကောင်စီများက ပြင်သာရွာကို ရောက်ရှိလာသဖြင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိခဲ့ဟု Zomi PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook