Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေး​တောင်ပိုင်းတွင် စစ်​ကောင်စီတပ် မိုင်းပ​ဒေသာထိ ၃၀ ဦးခန့်ထိခိုက်​သေဆုံး ၊ တိုက်ပွဲတွင် PDF နှစ်ဦးကျဆုံး

မိုင်းထိမှန်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်။ထိုနောက် မိုင်းထိမှန်ထားသူများကို ကားပေါ်တင်၍ ကလေးမြို့တောင်ပိုင်းသို့ ဆက်လက်ထွက်ခွာသွားသည်ဟု PDF(ကလေး) ကထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်း နတ်မြောင်းရွာကို ချီတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်း ၂၈ လုံးဖြင့် တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးခန့်ထိမှန်ခဲ့ကြောင်း PDF(ကလေး)က ထုတ်ပြန်သည်။

ယနေ့ မနက် ၅နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကား၇ စီးဖြင့်လာရောက်ပြီး စည်သာရွာနှင့် နတ်မြောင်းရွာကြား ရပ်တန့်ကာ လမ်းလျှောက် တပ်ဖြန့်တက်လာစဉ် ဒေသခံကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းထိမှန်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်။ထိုနောက် မိုင်းထိမှန်ထားသူများကို ကားပေါ်တင်၍ ကလေးမြို့တောင်ပိုင်းသို့ ဆက်လက်ထွက်ခွာသွားသည်ဟု PDF(ကလေး) ကထုတ်ပြန်သည်။

ညနေပိုင်းတွင် စစ်ကား ၅စီးသည် ကလေးမြို့မှ ကလေးမြို့တောင်ပိုင်းကို ထွက်လာပြီး နည်းပညာတက္ကသိုလ် (ကလေး)ထဲဝင်သွားသည်။ ညနေ ၅ နာရီခန့်တွင် ကလေးနည်းပညာတက္ကသိုလ်မှာ သာယာကုန်းရွာဘက်ကို စစ်ကြောင်းဖြန့်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PDF(ကလေး) ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် PDF(ကလေး)ဘက်မှာ ၂ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီဖက် ထိခိုက်ကျဆုံးမူကို အတည်မပြုနိုင်ခဲ့ဟု PDF(ကလေး)ကထုတ်ပြန်ထားသည်။

အခြားတိုက်ပွဲတစ်ခုမှာ ယမန့်နေ့က Zomi PDF၏ ကလေးခရိုင် တပ်ရင်း ၈ မှ ရဲဘော်များသည် ကလေးမြို့နယ်၊ ရေရှင်ရွာရှိ ကင်းစောင့်နေစဉ် အကြမ်းဖက်စစ်ကောင်စီများက ပြင်သာရွာကို ရောက်ရှိလာသဖြင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိခဲ့ဟု Zomi PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။