Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ်ရှိ ဂုံညင်းဆိတ်ရဲစခန်းအား ပြည်သူ့ကာကွယ်​ရေးတပ်များဝင်တိုက်ပြီး ဗုံးခွဲဖျက်ဆီး

တိုက်ပွဲ ဖြစ်စဥ်မှာ ယနေ့ နံနက်​စော ၁၂ နာရီ ၅ မိနစ်တွင် ဂုံညင်းဆိတ်ရဲစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားများထွက်ပြေးသဖြင့် အပြန်အလှန်ပစ်ခတ်မှု မရှိခဲ့ဘဲ စခန်းရှိ ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့သည်ဟု ဆိုသည်။

(​ဖေ​ဖော်ဝါရီ၁ရက်က မြင်းမူမြို့အဝင်တိုးဂိတ်အား ပြည်သူ့ကာကွယ်​ရေးတပ်များက ​ဖောက်ခွဲဖျက်ဆီးခဲ့စဥ်)

▪️စစ်​ကောင်စီတပ်သားများက ပြန်မတိုက်ဘဲ ထွက်​ပြေးဟုဆို

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ရှိ ဂုံညင်းဆိတ်ရဲစခန်းအား မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMUPDF) ဦးဆောင်၍ မဟာမိတ်တပ်ဖွဲ့များဝင်တိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် အဆောက်အဦးအား ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း MMUPDFက ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ယနေ့ နံနက်​စော ၁၂ နာရီ ၅ မိနစ်တွင် ဂုံညင်းဆိတ်ရဲစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားများထွက်ပြေးသဖြင့် အပြန်အလှန်ပစ်ခတ်မှု မရှိခဲ့ဘဲ စခန်းရှိ ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့သည်ဟု ဆိုသည်။

ယခု စစ်ဆင်ရေးကို Black Eagle Defence Force – MMU၊ မြင်းမူလျပ်စီးပြောက်ကျားတပ်ဖွဲ့၊ Myin Mu Defence Forceနှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOMစသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရဲဘော်များ ထိခိုက်ကျဆုံးခြင်းမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

ဖေဖော်ဝါရီ ၁ရက်ကလည်း မြင်းမူမြို့ရှိ ပျူစခန်း တစ်ခုကို ဝင်စီးခြင်းနှင့် မြို့အဝင်ဂိတ်အား ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့တပ်ဖွဲ့အသီးသီးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။