စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညင်းဆိတ်ရဲစခန်းအား မဟာမိတ်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များထွက်ပြေးတိမ်းရှောင်သွားကြောင်း မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်ထုတ်ပြန်သည်။

ယမန်နေ့ည ၁၂း၀၅ နာရီ(ဖေဖော်ဝါရီလ ၃ ရက်နံနက်၅ မိနစ်)က မြင်းမူမြို့နယ် ဂုံညင်းဆိတ်ရဲစခန်းအား MMUPDF မှ ဦးဆောင်၍ Black Eagle Defence Force – MMU၊ မြင်းမူလျပ်စီးပြောက်ကျားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOMစသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့သည်။တိုက်ခိုက်စီးနင်းရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များထွက်ပြေးတိမ်းရှောင်သွားသောကြောင့် အပြန်အလှန် ပစ်ခက်မှုများ မရှိခဲ့ကြောင်း၊ ကျန်ရှိနေသောပစ္စည်းများအား ပြည်သူပိုင်အဖြစ်သိမ်းယူပြီး အဆောက်အဦးများအား မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း People Defence force Myinmu (MMUPDF) မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ ဂုံညင်းဆိတ်ရဲစခန်းက မြင်းမူမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတာပါ။ မြင်းမူနယ်ထဲရဲစခန်းဝင်စီးတာကတော့ ပထမဆုံးလို့ပြောလို့ရပါတယ်။ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ စခတွေ ရခတွေ မရှိ တော့ဘူးဗျ။ ထွက်ပြေးကြပြီဗျ။” ဟုMMUPDFအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယခုစစ်ဆင်ရေးတွင် မဟာမိတ်တပ်ဖွဲ့များမှရဲဘော်များ ထိခိုက်ကျဆုံးခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

Public Service Announcement
ယနေ့ဖေဖော်ဝါရီ ၃ရက်နံနက် ၄နာရီခန့်ကကချင်ပြည်နယ်မိုးညှင်းမြို့နယ်မှ ရဲစခန်းတစ်ခုကို KIAနှင့် PDFတို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွင် စခန်းမှူးနှင့် တပ်ကြပ်တစ်ဦး သေဆုံးခဲ့သည်။

















































