Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က မြင်းမူမြို့နယ်တွင် ပြည်သူ ၂၀ ဦးခန့်ကို မီးရှို့သတ်ဖြတ်

“အပြစ်မဲ့ပြည်သူ အယောက် ၂၀ တော့ ဟုတ်တယ်ဗျ။ အဓမ္မပြုကျင့်တာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူးဗျ။”ဟု မြင်းမူအခြေစိုက် Myinmu MM-PDF အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ပုံစာ - မီးရှို့သတ်ဖြတ်ခံထားရ​သော ပြည်သူအချို့ (ဓါတ်ပုံ-PVTV)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒေသခံ၂၀ဦးခန့် မီးရှိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်း ၁၁နာရီဝန်းကျင်က မြင်းမူမြို့နယ်အနောက်မြောက်ပိုင်း ပဒတ္ထိုင်းကျေးရွာသို့ လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကျေးရွာတွင်း မီးရှို့ဖျက်ဆီးမှုများလည်းရှိပြီး ဒေသခံများလည်းဖမ်းဆီးခံရကာ မတရား သတ်ဖြတ်ခံရသူဦးရေ ၂၀ ဦးထက်မနည်းရှိကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ပုံစာ – မီးရှို့သတ်ဖြတ်ခံထားရ​သော ပြည်သူအချို့ (ဓါတ်ပုံ-PVTV)

“သက်ကြီးရွယ်အိုတွေရောဖမ်းတာ။ ရွာထဲအကုန်ဝင်မွှေတာ ရှိတာအကုန်ယူတယ်။ ပြည်သူတွေကိုလည်းသတ်ဖြတ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်က အသက် ၁၃ နှစ်အရွယ် မိန်းကလေးကိုပါ အဓမ္မပြုကျင့်ပြီး ခုတ်ထစ်မီးရှို့သတ်ခဲ့သည်ဟု ဒေသခံတစ်ဦး၏စကားကို ကိုးကားကာ PVTVက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“အပြစ်မဲ့ပြည်သူ အယောက် ၂၀ တော့ ဟုတ်တယ်ဗျ။ အဓမ္မပြုကျင့်တာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူးဗျ။”ဟု မြင်းမူအခြေစိုက် Myinmu MM-PDF အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ပဒတ္ထိုင်းကျေးရွာသည် အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသော ချောင်းဦးနယ်၊ မြောင်နယ်တို့အစပ်တွင် ရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။