Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံမှ အငြိမ်းစားဗိုလ်မှူး တစ်ဦး အသတ်ခံရ

အသတ်ခံရသူ တင်မောင်အေးသည် ရှမ်းပြည် နယ်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် ခလရ (၂၄၁) တပ်တွင် ဗိုလ်မှူးအဆင့်ဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ်နေ အငြိမ်းစားဗိုလ်မှူး တင်မောင်အေး နေအိမ်အတွင်း ယ​နေ့ည​နေတွင်အသတ်ခံရကြောင်း ဒေသခံများကPeople’s Spring သို့ပြောသည်။

ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) ညနေ ၆ နာရီခန့်က ၃၁ ရပ်ကွက်ရှိ အသတ်ခံရသူ ၏နေအိမ် အတွင်းမှ သေနတ်သံသုံးချက်ထက် မနည်း ထွက်ပေါ်ခဲ့သည်ဟု​ဒေသခံအချို့က​ပြောသည်။

“၆ နာရီ ၁၀ မိနစ်လောက်က ဖြစ်တာ။ပင်လုံလမ်း မပေါ်ကနေ သေနတ်သံလိုလို ဘာလိုလိုနဲ့ သဲ့သဲ့ ကြားခဲ့ရတယ်။စစ်တပ်က ကောင်တွေ လာစစ်ဆေးတော့ မှ သတင်းသိရတာ”ဟု ဒေသခံတစ်ဦးက ဆက်​ပြောသည်။

အသတ်ခံရသူ တင်မောင်အေးသည် ရှမ်းပြည် နယ်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် ခလရ (၂၄၁) တပ်တွင် ဗိုလ်မှူးအဆင့်ဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

၎င်းသည် စစ်တပ်အား သတင်းပေးခြင်း၊ PDF များအား ခြေရာခံကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်သို့ သတင်းပေးပို့ခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးရုံးများသို့ တိုက်ရိုက် သတင်းပေးနေသည့် အတွက် ရှင်းလင်းခံခံရခြင်းဖြစ်​ကြောင်း သိ့ရသည်။

သေဆုံးသွားသည့် စစ်​ကောင်စီသတင်း ပေးဗိုလ်မှူးတင်မောင်အေး၏ လူမှုကွန်ယက် အကောင့် “Tinmaung Aye” စာမျက်နှာတွင်လည်း အကြမ်းဖက်စစ်တပ်အား ထောက်ခံအားပေးထားသည့် ပို့စ်များစွာ တင်ထားသည်ကို​တွေ့ရသည်။

၎င်းအသတ်မခံရမီ ၄ နာရီ ဝန်းကျင် အလိုတွင် သူ၏ ​ဖေစ်ဘွခ် လူမှုကွန်ယက်တွင်နောက်ဆုံးတင်ခဲ့ပို့စ်သည်”နိုဘယ်လ် ဆုပေးအဖွဲ့ကြီး အကြမ်းဖက်အဖွဲ့ကြီး ဖြစ်သွားပြီလား?” ဟူ၍ ဖြစ်သည်။

ယခုည ၈ နာရီခွဲတွင် ၎င်း၏ ​နောက်ဆုံးပို့စ်ကို Reaction လုပ်ထားသူ ၁၇၀၀ ​ကျော်ရှိပြီး HaHa လုပ်ထားသူ ၁၅၀၀ ​ကျော် ၊ Like လုပ်ထားသူ ၂၀၀ ​ကျော် ၊ ဝမ်းနည်းသူ ၃ ဦး ၊စိတ်ဆိုး​ဒေါသထွက်​နေ​သော Reaction ပြုလုပ်ထားသူ ၂ ဦး ​တွေ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။