Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဒဂုံမှ အငြိမ်းစားဗိုလ်မှူး တစ်ဦး အသတ်ခံရ

အသတ်ခံရသူ တင်မောင်အေးသည် ရှမ်းပြည် နယ်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် ခလရ (၂၄၁) တပ်တွင် ဗိုလ်မှူးအဆင့်ဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ်နေ အငြိမ်းစားဗိုလ်မှူး တင်မောင်အေး နေအိမ်အတွင်း ယ​နေ့ည​နေတွင်အသတ်ခံရကြောင်း ဒေသခံများကPeople’s Spring သို့ပြောသည်။

ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) ညနေ ၆ နာရီခန့်က ၃၁ ရပ်ကွက်ရှိ အသတ်ခံရသူ ၏နေအိမ် အတွင်းမှ သေနတ်သံသုံးချက်ထက် မနည်း ထွက်ပေါ်ခဲ့သည်ဟု​ဒေသခံအချို့က​ပြောသည်။

“၆ နာရီ ၁၀ မိနစ်လောက်က ဖြစ်တာ။ပင်လုံလမ်း မပေါ်ကနေ သေနတ်သံလိုလို ဘာလိုလိုနဲ့ သဲ့သဲ့ ကြားခဲ့ရတယ်။စစ်တပ်က ကောင်တွေ လာစစ်ဆေးတော့ မှ သတင်းသိရတာ”ဟု ဒေသခံတစ်ဦးက ဆက်​ပြောသည်။

အသတ်ခံရသူ တင်မောင်အေးသည် ရှမ်းပြည် နယ်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် ခလရ (၂၄၁) တပ်တွင် ဗိုလ်မှူးအဆင့်ဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

၎င်းသည် စစ်တပ်အား သတင်းပေးခြင်း၊ PDF များအား ခြေရာခံကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်သို့ သတင်းပေးပို့ခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးရုံးများသို့ တိုက်ရိုက် သတင်းပေးနေသည့် အတွက် ရှင်းလင်းခံခံရခြင်းဖြစ်​ကြောင်း သိ့ရသည်။

သေဆုံးသွားသည့် စစ်​ကောင်စီသတင်း ပေးဗိုလ်မှူးတင်မောင်အေး၏ လူမှုကွန်ယက် အကောင့် “Tinmaung Aye” စာမျက်နှာတွင်လည်း အကြမ်းဖက်စစ်တပ်အား ထောက်ခံအားပေးထားသည့် ပို့စ်များစွာ တင်ထားသည်ကို​တွေ့ရသည်။

၎င်းအသတ်မခံရမီ ၄ နာရီ ဝန်းကျင် အလိုတွင် သူ၏ ​ဖေစ်ဘွခ် လူမှုကွန်ယက်တွင်နောက်ဆုံးတင်ခဲ့ပို့စ်သည်”နိုဘယ်လ် ဆုပေးအဖွဲ့ကြီး အကြမ်းဖက်အဖွဲ့ကြီး ဖြစ်သွားပြီလား?” ဟူ၍ ဖြစ်သည်။

ယခုည ၈ နာရီခွဲတွင် ၎င်း၏ ​နောက်ဆုံးပို့စ်ကို Reaction လုပ်ထားသူ ၁၇၀၀ ​ကျော်ရှိပြီး HaHa လုပ်ထားသူ ၁၅၀၀ ​ကျော် ၊ Like လုပ်ထားသူ ၂၀၀ ​ကျော် ၊ ဝမ်းနည်းသူ ၃ ဦး ၊စိတ်ဆိုး​ဒေါသထွက်​နေ​သော Reaction ပြုလုပ်ထားသူ ၂ ဦး ​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ယမန်နေ့( ဇန်နဝါရီလ၂၉) ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီရဟတ်ယာဉ်ကို KNU ဒူးပလာယာခရိုင် ၊ တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့အနီး၌ ပစ်ချခဲ့ခြင်းဖြစ်​​ကြောင်းအသိပေးသည်။

သတင်း

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။