Connect with us

Hi, what are you looking for?

News

ကိုး​တောင်ဘို့ရွာတွင် စစ်​ကောင်စီတပ်ကတပ်စွဲပြီလက်နက်ကြီးများဖြင့်ပစ်ခတ်​နေ၍ပြည်သူများထွက်​ပြေး​နေရ

“အရပ်သားတွေကိုလည်း ကြုံသလို ဖမ်းဆီးတယ်။ စစ်ဆေး​နေတယ်။ ပြန်လွတ်လာသူတွေလည်း ရှိတယ်။ အဖမ်းခံရသူတွေလည်း ကျန်သေးတယ်။ ရွာအခြေအနေကအရမ်းစိုးရိမ်ရတဲ့အနေအထား ​ရှိနေပါတယ်”ဟု ကန့်ဘလူမြို့ခံတစ်ဦးကပြောသည်။

ကန့်ဘလူမြို့ ကိုးတောင်ဘို့ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က တပ်စွဲထားပြီး အရပ်သားရှိရာနေရာများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံပြည်သူများအတွက် စိုးရိမ်ရသော အခြေအနေဖြစ်​ကြောင်း ယနေ့ နေ့လည်အခြေအနေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ကိုးတောင်ဘို့တိုက်နယ် ကိုးတောင်ဘို့ကျေးရွာအုပ်စုသို့ ဖေဖော်ဝါရီ ၂ရက်က စတင်တပ်စွဲကာ ယနေ့( ဖေဖော်ဝါရီ ၄ရက်)နံနက်မှစ၍ လက်နက်ကြီး
များဖြင့် ပစ်ခတ် တိုက်ခိုက်နေသည်ဟု ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကသတင်းထုတ်ပြန်သည်။

“အရပ်သားတွေကိုလည်း ကြုံသလို ဖမ်းဆီးတယ်။ စစ်ဆေး​နေတယ်။ ပြန်လွတ်လာသူတွေလည်း ရှိတယ်။ အဖမ်းခံရသူတွေလည်း ကျန်သေးတယ်။ ရွာအခြေအနေကအရမ်းစိုးရိမ်ရတဲ့အနေအထား ​ရှိနေပါတယ်”ဟု ကန့်ဘလူမြို့ခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည်ကိုးတောင်ဘို့ရွာမဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားပြီး ကျောင်းဝန်းအတွင်းမှ ယ​နေ့နံနက် ၁၀ နာရီခွဲမှ စ၍လက်နက်ကြီးများဖြင့်ရမ်းပြီးပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရွာရှိပြည်သူအများစုမှ ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်းလည်းသိ့ရသည်။ စစ်​ကောင်စီတပ်က ရွာအဝင်အထွက်ကိုပါပိတ်လိုက်သဖြင့်ယခုနောက် ​ဒေသခံများအဝင်အထွက်လုပ်မရ​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

ထိုအပြင် စစ်​ကောင်စီတပ်သည် ရွာရှိ အထက်တန်း​ကျောင်းဝန်းအတွင်းဗုံးခိုကျင်းတူးကာ သဲအိတ်များကာ၍ကင်းချထား​ကြောင်းလည်း​အခြား​ဒေသခံတစ်ဦးက​ပြောသည်။

ဒေသခံများအနေဖြင့် လက်နက်ကြီးအန္တရာယ်မှကင်းလွတ်နိုင်သောနေရာတွင် နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။