Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုး​တောင်ဘို့ရွာတွင် စစ်​ကောင်စီတပ်ကတပ်စွဲပြီလက်နက်ကြီးများဖြင့်ပစ်ခတ်​နေ၍ပြည်သူများထွက်​ပြေး​နေရ

“အရပ်သားတွေကိုလည်း ကြုံသလို ဖမ်းဆီးတယ်။ စစ်ဆေး​နေတယ်။ ပြန်လွတ်လာသူတွေလည်း ရှိတယ်။ အဖမ်းခံရသူတွေလည်း ကျန်သေးတယ်။ ရွာအခြေအနေကအရမ်းစိုးရိမ်ရတဲ့အနေအထား ​ရှိနေပါတယ်”ဟု ကန့်ဘလူမြို့ခံတစ်ဦးကပြောသည်။

ကန့်ဘလူမြို့ ကိုးတောင်ဘို့ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က တပ်စွဲထားပြီး အရပ်သားရှိရာနေရာများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံပြည်သူများအတွက် စိုးရိမ်ရသော အခြေအနေဖြစ်​ကြောင်း ယနေ့ နေ့လည်အခြေအနေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ကိုးတောင်ဘို့တိုက်နယ် ကိုးတောင်ဘို့ကျေးရွာအုပ်စုသို့ ဖေဖော်ဝါရီ ၂ရက်က စတင်တပ်စွဲကာ ယနေ့( ဖေဖော်ဝါရီ ၄ရက်)နံနက်မှစ၍ လက်နက်ကြီး
များဖြင့် ပစ်ခတ် တိုက်ခိုက်နေသည်ဟု ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကသတင်းထုတ်ပြန်သည်။

“အရပ်သားတွေကိုလည်း ကြုံသလို ဖမ်းဆီးတယ်။ စစ်ဆေး​နေတယ်။ ပြန်လွတ်လာသူတွေလည်း ရှိတယ်။ အဖမ်းခံရသူတွေလည်း ကျန်သေးတယ်။ ရွာအခြေအနေကအရမ်းစိုးရိမ်ရတဲ့အနေအထား ​ရှိနေပါတယ်”ဟု ကန့်ဘလူမြို့ခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည်ကိုးတောင်ဘို့ရွာမဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားပြီး ကျောင်းဝန်းအတွင်းမှ ယ​နေ့နံနက် ၁၀ နာရီခွဲမှ စ၍လက်နက်ကြီးများဖြင့်ရမ်းပြီးပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရွာရှိပြည်သူအများစုမှ ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်းလည်းသိ့ရသည်။ စစ်​ကောင်စီတပ်က ရွာအဝင်အထွက်ကိုပါပိတ်လိုက်သဖြင့်ယခုနောက် ​ဒေသခံများအဝင်အထွက်လုပ်မရ​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

ထိုအပြင် စစ်​ကောင်စီတပ်သည် ရွာရှိ အထက်တန်း​ကျောင်းဝန်းအတွင်းဗုံးခိုကျင်းတူးကာ သဲအိတ်များကာ၍ကင်းချထား​ကြောင်းလည်း​အခြား​ဒေသခံတစ်ဦးက​ပြောသည်။

ဒေသခံများအနေဖြင့် လက်နက်ကြီးအန္တရာယ်မှကင်းလွတ်နိုင်သောနေရာတွင် နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။