Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ပြည်သူလူထုနှင့် တသမတ်တည်းရပ်တည်သည့် KIO/KIA နှင့် ကချင်ခေါင်းဆောင်များကို NUG ကျေးဇူးစကားဆို

ကချင်အမျိုးသားခေါင်းဆောင်ကြီးများသည် လွတ်လပ် ရေးမတိုင်ခင်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ကို ရှုံးဆုံးခဲ့ရသည့်အတွက် ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ လက်နက်ကိုင်တော်လှန်လာခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူများနှင့် တသမတ်တည်း ရပ်တည်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)နှင့် ကချင်အမျိုးသားခေါင်းဆောင်များကို အစဉ်အမြဲ သတိတရကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သဝဏ်လွှာပေးပို့သည်။

ယနေ့ကျရောက်သော (၆၁) နှစ်မြောက် ကချင်တော်လှန် ရေးနေ့ကို အလေးအမြတ်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ဦးတည်ဆောင်ရွက်နေသည့် အနာဂတ် မြန်မာနိုင်ငံသစ်ထူထောင်မည့် တော်လှန်ရေးခရီးတွင် အမြဲလက်တွဲကာ ‌အောင်ပန်းဆွတ်ခူးသည်အထိ အတူတကွ ဆက်လက်ဆင်နွှဲရန်လည်း NUG က တိုက်တွန်းသည်။

ကချင်အမျိုးသားခေါင်းဆောင်ကြီးများသည် လွတ်လပ် ရေးမတိုင်ခင်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ကို ရှုံးဆုံးခဲ့ရသည့်အတွက် ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ လက်နက်ကိုင်တော်လှန်လာခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်း ၆၁ နှစ်အတွင်း အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်စနစ်ဖော်ဆောင်ရေး အတွက် တိုက်ပွဲဝင်ရင်း စွန့်လွှတ်စွန့်စား အသက်ပေးသွားကြသည့် ကချင့်တော်လှန်ရေး ရဲဘော်များနှင့် ကချင့်အာဇာနည်များကိုသာမက တော်လှန်ရေးကာလတစ်လျှောက် အနှစ်နာခံပေးဆပ်ခဲ့ကြသည့် မိသားစုဝင်များနှင့် ကချင်ပြည်သူ လူထုအပေါင်းကို ကိုယ်ချင်းစာ အသိအမှတ်ပြုလျက် အလေးအနက် ဦးညွတ်ဂုဏ်ပြုကြောင်းလည်း NUG က သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုမှ နိုင်ငံတော် အာဏာကို လက်နက်အားကိုး ထပ်မံသိမ်းပိုက်လိုက်ပြီးနောက် ပြည်မနေ ဗမာလူထုအများစုသည် အကြမ်းဖက်စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်များအား မျက်မြင်ကိုယ်တွေ့ ခံစားနေကြရပြီး တိုင်းရင်းသားများ၏ နစ်နာမှုများအား ကွက်ကွက် ကွင်းကွင်း သိမြင်ကိုယ်ချင်းစာနေကြောင်း NUGက ဆက် လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။