Connect with us

Hi, what are you looking for?

News

“ကေအဲန်ယူကိုမတိုက်နိုင်တော့ ကရင်ပြည်သူကို နှိပ်စက်နေတယ်”

သေဆုံးသွားတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေမှာလည်း ကလေးငယ်တွေလည်ပါဝင်ခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေ၊ ဆေးပေးခန်းတွေလည်း ထိခိုက်ပျက်စီးသွားခဲ့သေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဒီကနေ့မနက်ပိုင်းက တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင် မထောကျေးရွာအုပ်စု တဒွီးခိုကျေးရွာမှာ လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရှိသူများကို တွေ့ရစဥ်

◾️ ဖာပွန်မှာ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ၇ ဦးသေဆုံး

ဖာပွန်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်လကျော်အတွင်း အရပ်သားပြည်သူ ၇ ဦး သေဆုံးသွားခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇန်နဝါရီလ တစ်လတာအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေက ကျေးရွာတွေအပေါ် လေယာဉ်နဲ့ ဗုံး ၁၄ လုံးလာရောက်ကြဲချခဲ့ပြီး လက်နက်ကြီးအချက်ပေါင်း ၂၀၀ နီးပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးသွားခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသွားတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေမှာလည်း ကလေးငယ်တွေလည်ပါဝင်ခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေ၊ ဆေးပေးခန်းတွေလည်း ထိခိုက်ပျက်စီးသွားခဲ့သေးတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင် မထောကျေးရွာအုပ်စု တဒွီးခိုကျေးရွာအပေါ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့လို့ အရပ်သားပြည်သူ ၂ ဦးသေဆုံးသွားခဲ့ပြီး ကလေးတစ်ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ပြောခွင့်ရသူ စောလေးကပေါ်က ဆိုပါတယ်။

“သေကြေပျက်စီးတာနှစ်ယောက်ပေါ့ ထိခိုက်ဒဏ်ရာရတာ ခြောက်ယောက်ပေါ့။ အဲ့ဒီထဲမှာတော့ ကလေးငယ်တစ်ယောက်ပါပါတယ်။ အသက် ၇ နှစ်အရွယ်ပေါ့။ သေသွားတာကတော့ သက်ကြီးပိုင်းပေါ့။ ရွာသားတွေကတော့ ရွာထဲမှာမနေရဲတော့ ခဏလောက်တော့ ရှောင်နေရတဲ့သဘောရှိတယ်။ သူတို့အခုလက်ရှိမှာ ကေအဲန်ယူကို သူတို့တိုက်တယ်။ ကေအဲန်ယူက သူတို့ကိုပြန်တိုက်တယ်။ အဲဒီအချိန်မှာ သူတို့ကအမြဲရှုံးနေတဲ့အခါမှာ သူတို့အနေနဲ့ မဲစရာဆိုလို့ ပြည်သူတွေပဲရှိတာပေါ့။ ခြိမ်းခြောက်တဲ့သဘောလို့ပဲမြင်တယ်။ သူတို့အနေနဲ့ ကရင်တော်လှန်ရေးတွေကို သူတို့မတိုက်နိုင်တော့ကြောင့်မို့လို့ ကရင်ပြည်သူတွေကို နှိပ်စက်နေတယ်လို့ ကျနော်တို့တော့ မြင်ပါတယ်” လို့ KPSN က ပြောခွင့်ရသူ စောလေးကပေါ်က ဆိုပါတယ်။

ဖာပွန်ခရိုင်ထဲမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်နေပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေတဲ့အတွက် ဒေသခံအရပ်သားပြည်သူတွေဟာ ထိတ်လန့်ကြောက်ရွံ့ပြီး ဖာပွန်ခရိုင်အတွင်း အရပ်သားပြည်သူ ၈၀၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေခဲ့ရတယ်လို့ KPSN ရဲ့ မှတ်တမ်းအရ သိရပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး ဇန်နဝါရီလ တလတာအတွင်းမှာ တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀၀ နီးပါးသေဆုံးသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။