Connect with us

Hi, what are you looking for?

News

ကချင်တိုက်ပွဲ စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်၍ ဒေသခံပြည်သူအချို့ သေဆုံးထိခိုက်

ယနေ့ (​ဖေ​ဖော်ဝါရီ ၅ရက် )မွန်းလွဲ ၃နာရီကျော်တွင် ဖားကန့်မြို့နယ် နန့်ယားအနီး ကပ်မှော်တွင်စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း Kachinwaves က သတင်းဖော်ပြသည်။

စစ်ရေးပြင်းထန်လာနိုင်၍လူထုများ သတိထားကြရန် KIA တာဝန်ရှိသူတိုက်တွန်း

ကချင်ပြည်နယ်၌ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူအချို့သေဆုံးထိခိုက်ခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ပူးပေါင်းပြီး ဖေဖော်ဝါရီ၁ရက်မှ စ၍ ပူတာအို၊ ဖားကန့်၊မိုင်းညှင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများစစ်ကြောင်းများကို ဆက်တိုက် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီကလေကြောင်းမှတုံ့ပြန်တိုက်ခိုက်လာခြင်းဖြစ်သည်။

“ဆွမ်ပီယန်ကျေးရွာဘက်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ တိုက်ခိုက်လို့ပြည်သူလူထု တွေထိခိုက်တာရှိပါတယ်။ ပြည်သူလူထုရဲ့ရွာတွေလည်းအိမ်တွေလည်း မီးလောင်သွားတာရှိပါတယ်။ အခု၃ရက်ဆက်တိုက်လောက်ဖားကန့်ဘက်မှာလည်း စစ်ကောင်စီဘက်က လေယာဉ်ပျံနဲ့ပစ်လို့တိမ်းရှောင်ရတာပေါ့” ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (​ဖေ​ဖော်ဝါရီ ၅ရက် )မွန်းလွဲ ၃နာရီကျော်တွင် ဖားကန့်မြို့နယ် နန့်ယားအနီး ကပ်မှော်တွင်စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း Kachinwaves က သတင်းဖော်ပြသည်။

“ကျွန်တော်တို့ကတော်လှန်ရေးခရီးစဉ်ကိုလျှောက်လှမ်းနေတာကျွန်တော်တို့ ပြည်သူလူထုနဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေအားလုံးဖြစ်ပါတယ်။ ဆိုတော့စစ်ရေးအခြေအနေကတော့ ပြင်းထန်လာနိုင်ပါတယ်။ဒါကြောင့်သပတိထားဖို့လိုပါတယ်။ နားစွန့်ဖို့လိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းသည်။

KIAနှင့်PDF ပူးပေါင်းအဖွဲ့သည်ဖေဖော်ဝါရီ၁ရက်ကပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအနီးရှိစစ်ကောင်စီ တပ်စခန်းနှင့်မိုးညှင်းမော်ဟန် ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။