Connect with us

Hi, what are you looking for?

LuduNwayOo

News

ကချင်တိုက်ပွဲ စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်၍ ဒေသခံပြည်သူအချို့ သေဆုံးထိခိုက်

ယနေ့ (​ဖေ​ဖော်ဝါရီ ၅ရက် )မွန်းလွဲ ၃နာရီကျော်တွင် ဖားကန့်မြို့နယ် နန့်ယားအနီး ကပ်မှော်တွင်စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း Kachinwaves က သတင်းဖော်ပြသည်။

စစ်ရေးပြင်းထန်လာနိုင်၍လူထုများ သတိထားကြရန် KIA တာဝန်ရှိသူတိုက်တွန်း

ကချင်ပြည်နယ်၌ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူအချို့သေဆုံးထိခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ပူးပေါင်းပြီး ဖေဖော်ဝါရီ၁ရက်မှ စ၍ ပူတာအို၊ ဖားကန့်၊မိုင်းညှင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများစစ်ကြောင်းများကို ဆက်တိုက် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီကလေကြောင်းမှတုံ့ပြန်တိုက်ခိုက်လာခြင်းဖြစ်သည်။

“ဆွမ်ပီယန်ကျေးရွာဘက်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ တိုက်ခိုက်လို့ပြည်သူလူထု တွေထိခိုက်တာရှိပါတယ်။ ပြည်သူလူထုရဲ့ရွာတွေလည်းအိမ်တွေလည်း မီးလောင်သွားတာရှိပါတယ်။ အခု၃ရက်ဆက်တိုက်လောက်ဖားကန့်ဘက်မှာလည်း စစ်ကောင်စီဘက်က လေယာဉ်ပျံနဲ့ပစ်လို့တိမ်းရှောင်ရတာပေါ့” ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောသည်။

ယနေ့ (​ဖေ​ဖော်ဝါရီ ၅ရက် )မွန်းလွဲ ၃နာရီကျော်တွင် ဖားကန့်မြို့နယ် နန့်ယားအနီး ကပ်မှော်တွင်စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း Kachinwaves က သတင်းဖော်ပြသည်။

“ကျွန်တော်တို့ကတော်လှန်ရေးခရီးစဉ်ကိုလျှောက်လှမ်းနေတာကျွန်တော်တို့ ပြည်သူလူထုနဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေအားလုံးဖြစ်ပါတယ်။ ဆိုတော့စစ်ရေးအခြေအနေကတော့ ပြင်းထန်လာနိုင်ပါတယ်။ဒါကြောင့်သပတိထားဖို့လိုပါတယ်။ နားစွန့်ဖို့လိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

KIAနှင့်PDF ပူးပေါင်းအဖွဲ့သည်ဖေဖော်ဝါရီ၁ရက်ကပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအနီးရှိစစ်ကောင်စီ တပ်စခန်းနှင့်မိုးညှင်းမော်ဟန် ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့သည်။