Connect with us

Hi, what are you looking for?

News

ပြည်နှင်ဒဏ်ပေးခံရမယ့်မြန်မာအမျိုးသား ထိုင်းအချုပ်ခန်းထဲမှာ ကြိုးဆွဲချသွား

အဆုံးစီရင်သွားတဲ့မြန်မာအမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းက ထိုင်းနိုင်ငံထဲတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းခံရချိန်မှာ မူးယစ်ဆေးဝါးကိုလည်းလက်ဝယ်တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးခံရလို့ ပြည်နှင်ဒဏ်ပေးခံရမယ့် မြန်မာနိုင်ငံသားတစ်ဦးဟာ ထိန်းသိမ်းထားတဲ့ ရဲစခန်းမှာ ကြိုးဆွဲချသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ ဖရာပရာဒန် ခရိုင် ရဲစခန်းမှာ မနေ့က မနက်အစောပိုင်းဖြစ်ပွားခဲ့တာပါ။ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေသွားတဲ့ မြန်မာအမျိုးသားဟာ အသက် ၃၅ နှစ်ရှိပါပြီ ။

အဆုံးစီရင်သွားတဲ့မြန်မာအမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းက ထိုင်းနိုင်ငံထဲတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းခံရချိန်မှာ မူးယစ်ဆေးဝါးကိုလည်းလက်ဝယ်တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။

အဲဒီနောက် ပြည်နှင်ဒဏ်ပေးဖို့ သူ့ကို ရဲစခန်းမှာထိန်းသိမ်းထားတာပါ။ မနေ့က မနက်ပိုင်း ၂ နာရီခွဲလောက်မှာတော့ ရဲစခန်း တာဝန်ကျကင်းသမားက အချုပ်ခန်းကိုသွားကြည့်ရာမှာ ဘောင်းဘီရှုံ့ကြိုးသုံးကာ ကြိုးဆွဲချ သေဆုံးသွားတာကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အလောင်းကို စစ်ဆေးမှုတွေလုပ်ပြီး ဘန်ချက်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ဒါပေမယ့် အခင်းဖြစ်တဲ့နေရာ ဝန်းကျင်ကို လုံခြုံရေးကင်မရာဟာလွှမ်းခြုံမှုမရှိတာကြောင့် စစ်ဆေးမှုတွေလုပ်သွားမယ်လို့ လည်းသိရပါတယ်။

ကနဦးအနေနဲ့ မြန်မာအမျိုးသားဟာ စိတ်ဖိစီးမှုတွေ ဒဏ်ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ကောက်ချက်ချထားကြပါတယ်။

(မြန်မာအမျိုးသားကြိုးဆွဲချသွားတဲ့အချုပ်ခန်းကို ထိုင်းရဲတပ်ဖွဲ့ဝင်တွေစစ်ဆေးနေစဉ်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။