Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှမ်းပြည်သားအချင်းချင်း မညီညွတ်ဘဲ တိုက်ခိုက်နေခြင်းအပေါ် ဝမ်းနည်းရဟု SNLD ခေါင်းဆောင်ပြော

ရှမ်းပြည်သားအချင်းချင်းကြား သွေးခွဲခြင်းခံကြရပြီး ပြဿနာ၏ ရင်းမြစ်ကို မမြင်မတွေ့နိုင်လောက်အောင် အစွန်းတစ်ဖက်ကို ရောက်နေကြရသည်မှာ ဝမ်းနည်းစရာကောင်းသည်ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်သားအချင်းချင်း ညီညွတ်မှုမရှိဘဲ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အုပ်စုတစ်ခုနှင့်တစ်ခု အကြား အထင်အမြင်မှား တိုက်ခိုက်နေကြခြင်းအပေါ် ဝမ်းနည်းရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌဦးစိုင်းညွန့်လွင်က ပြောကြားသည်။

SNLDပါတီ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များဖြစ်ကြသော RCSS နှင့် SSPPအဖွဲ့ အပါအဝင် ရှမ်းပါတီ၊ လက်နက်ကိုင်နှင့် လူမှုအဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)၏ ယနေ့ ထုတ်ပြန်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း ဆိုင်ရာ မူဝါဒ ကြေညာစာတမ်း နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားစဉ် ဦးစိုင်းညွန့်လွင်က ယခုကဲ့သို့ ပြောဆိုသည်။

ရှမ်းပြည်သားအချင်းချင်းကြား သွေးခွဲခြင်းခံကြရပြီး ပြဿနာ၏ ရင်းမြစ်ကို မမြင်မတွေ့နိုင်လောက်အောင် အစွန်းတစ်ဖက်ကို ရောက်နေကြရသည်မှာ ဝမ်းနည်းစရာကောင်းသည်ဟု ၎င်းက ဆိုသည်။

“တကယ်တန်း ပြောရရင် ရှမ်းပြည်သားတွေဟာ အချင်း ချင်း မညီမညွတ် ကွဲပြားနေကြပြီးတော့ တိုက်ခိုက်နေကြတာပါ။ အဲဒီလို ကွဲပြားနေကြတဲ့ ကာလတွေမှာ ပြည်ထောင်စုအစိုးရ အမည်ခံထားတဲ့ အဲဒီပုဂ္ဂိုလ်တွေက အခြားဒေသက လူတွေက ရှမ်းပြည်ကြီးကို လက်ဝါး ကြီးအုပ် စီမံခန့်ခွဲခဲ့ကြတယ်ဆိုတာကို နက်နက်နဲနဲ စဉ်းစားတက်ရင် သိကြမှာဖြစ်ပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်တွင် တစ်ခုတည်းသော လုပ်နိုင်သည့် အလုပ်မှာ ရှမ်းပြည်သားအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်သွားကြရေးဆိုသည့် နည်းလမ်းဖြစ်သည်ဟု ဆိုသည်။

“ တကယ်လို့များ ပြောခဲ့သလို ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြမယ်ဆိုရင် နှစ်ပေါင်း ၆၀ကျော်တိုင်အောင် အာဏာရှင်အမျိုးမျိုးရဲ့ အုပ်ချုပ်မှုအောက်ကနေ အလွတ်ရုန်းထွက်ဖို့လည်း အောင်မြင်မှုကို ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ်လို့ ယူဆနိုင်ပါတယ်။နောင်တချိန် ရှမ်းပြည်ထဲမှာ ဘယ်သောအခါမှ အာဏာရှင်တွေလာရောက် အုပ်ချုပ်မင်းလုပ်ပြီး ထင်တိုင်းကြဲနေတဲ့ အခြေအနေမျိုးမဖြစ်ရလေအောင် စုပေါင်းကာကွယ်သွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အလေးအနက် ယုံကြည်တဲ့အတွက် ဒီစာတမ်းကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

လက်ရှိတွင် CSSU အဖွဲ့တွင်း၌ ပါဝင်သည့် RCSSနှင့် SSPP အကြားတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်ရှိ ပြည်သူများစွာ စစ်ဘေးဒုက္ခကြုံနေကြရသည်။ အဆိုပါ အဖွဲ့တို့သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်သည့် တိုက်ပွဲများ၌ ပါဝင်လာခြင်းမရှိသေးဘဲ ၎င်းတို့အချင်းချင်းအကြား တိုက်ပွဲများဖြစ်နေသည်။ ရှမ်းအချင်းချင်းအကြား ပဋိပက္ခများအပြင် ရှမ်းနှင့် ပအိုဝ်းအကြား၊ ရှမ်းနှင့် တအာင်းအကြား၊ ရှမ်းနှင့် ၀အကြား ပဋိပက္ခများလည်းရှိခဲ့သည်။ ထို့ပြင် ရှမ်းနိုင်ငံရေးပါတီ SNLDနှင့် SNDP တို့အကြား၌ပင် အဆင်မပြေမှုများရှိနေသည်။

SNLDပါတီအနေဖြင့်လည်း ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် တွေ့ဆုံကာ အုပ်ချုပ်ရေးနှင့်လွှတ်တော်ပိုင်းဆိုင်ရ ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ သို့သော်လက်ရှိ တော်လှန်ရေးကာလတွင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နှင့် တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တရားဝင်လုပ် ဆောင်ခြင်းမတွေ့ရပေ။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။