Connect with us

Hi, what are you looking for?

News

ရန်သူကို အထင်မသေးဘဲ တော်လှန်ရေးကိုနည်းပေါင်းစုံဖြင့်အားစိုက်လညပ်​ဆောင်ကြရန် NUG ကာကွယ်ရေးဝန်ကြီးပြော

ဖေဖော်ဝါရီ ၆ရက်က ပြုလုပ်သည့် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ဂန့်ဂေါ) အခြေခံစစ်ပညာ သင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲသို့ ဝန်ကြီးက သဝဏ်လွှာပေးပို့ ရာ၌ အထက်ပါအချက်များကို ထည့်သွင်းဖော်ပြသည်။

▪️ဘက်ပြောင်းခိုလှုံလာသူများကို ကြိုဆိုရမည်ဖြစ်သကဲ့သို့ ရန်သူစစ်စစ်ကိုလည်း ထိရောက်စွာတော်လှန်ရန်လိုဟုဆို

ရန်သူကို အထင်မသေးဘဲ တော်လှန်ရေးကိုအားစိုက်လုပ်ဆောင်ရန်နှင့် ဘက်ပြောင်းခိုလှုံလာသူများကို နွေးထွေးစွာ ကြိုဆိုပြီး ရန်သူစစ်စစ်ကို ထိရောက်စွာ ခုခံတော်လှန်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၆ရက်က ပြုလုပ်သည့် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ဂန့်ဂေါ) အခြေခံစစ်ပညာ သင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲသို့ ဝန်ကြီးက သဝဏ်လွှာပေးပို့ ရာ၌ အထက်ပါအချက်များကို ထည့်သွင်းဖော်ပြသည်။

ဖက်ဆစ်စစ်တပ်၏ ကျဆုံးခန်းသည် တဖြည်းဖြည်းနီးကပ်လာနေသကဲ့သို့ တပ်တွင်း အာဏာလုမှု စိတ်ဝမ်း ကွဲပြားမှုနှင့်အကျိုးစီးပွားမညီမျှကိစ္စရပ်များ ဖြစ်လာကာ တပ်ကို ထိန်းသိမ်းနိုင်မှု ကျဆင်းနေကြောင်းသဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်ရဲ့အခက်အခဲဟာ ငါတို့ရဲ့ အခွင့်အလမ်းပဲဖြစ်တယ်။ရန်သူကို အထင်မသေးဘဲ သူတို့အခက်အခဲ ကြုံခိုက်မှာ တော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အားစိုက်လုပ်ဆောင်ကြရမှာ ဖြစ်တယ်” ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

ပြည်သူကို မျက်နှာမမူသည့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်သည် ပြည်သူ့အားကို မည်သည့် စွမ်းဆောင်ရည်မျိုးနှင့်မှ တောင့်ခိုင်နိုင်မည်မဟုတ်ဟု ဆိုသည်။

“ရန်သူကနေ မိတ်ဆွေအဖြစ် ဘက်ပြောင်းခိုလှုံလာသူတွေကို နွေးထွေးစွာ ကြိုဆိုရမှာဖြစ်သလို ရန်သူစစ်စစ်တွေကိုလည်း ထိထိရောက်ရောက် ခုခံတော်လှန်ရမှာဖြစ်တယ်။ ရန်သူ့လက်နက်ကိုယ့်လက်နက်ဖြစ်စေရုံသာမက ရန်သူ့အားနည်းချက်ကိုယ့်အားသာချက်ဖြစ်အောင်ပါ ထိချက်မိမိ ခုခံတိုက်ခိုက်ရင်းနဲ့ ၂၀၂၂မှာ အောင်လံကို လွှင့်ထူကြပါစို့”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

တိုက်ပွဲဖော်ဆောင်ရေးတွင် အဆင့်ဆင့်ကွပ်ကဲမှု အမိန့်နာခံမှုက များစွာအရေးပါကြောင်း၊ အမိန့်နာခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းမှသာ တိုက်ပွဲ၌ အထိအခိုက်နည်းနည်းနှင့် အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တော်လှန်ရေးကာလ အချိန်တ်စခုရောက်လာချိန်တိုင်းမှာ ဖြစ်တက်တဲ့ စိတ်ပျက်ခြင်း၊ အားမလို အားမရဖြစ်ခြင်း နဲ့ စိတ်ဓာတ်ကျခြင်းတွေကိုလည်း ဉာဏ်ပညာအမျှော်အမြင်ရှိရှိနဲ့ ငါတို့ခေတ်မှ စစ်အာဏာရှင်စနစ် ပြုတ်ကို ပြုတ်ကျရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖြတ်ကျော်ကြဖို့ အသိပေးလိုတယ်”ဟုလည်း ဝန်ကြီးက ပြောသည်။

ဂန့်ဂေါ ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲသို့ သင်တန်းသား ၈၅ဦးနှင့် သင်တန်းသူ ၄၀ဦးဖြင့် ကျင်းပခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။