Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယာဉ်တန်း နေရာလေးခု၌ တိုက်ခိုက်ခံရပြီး ၁၇ဦးသေဆုံးဟု ကလေး PDFထုတ်ပြန်

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ CNDF ရဲဘော် တစ်ဦးကျဆုံးကာ ငါးဦးမှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

CNDFမှ ရဲ​ဘော်တစ်ဦးလည်း ကျဆုံးခဲ့ရ

ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ကလေးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ​လေးကြိမ်ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား၁၇ဦးခန့် သေဆုံးပြီးပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ကလေးမြို့သို့ ဦးတည်လာသည့် ရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၇ရက် နံနက် ၁၀နာရီခွဲခန့်တွင် အောင်ချမ်းသာရွာနှင့် ချောင်းခွရွာ အကြား၌ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို ကလေး PDF၊ CNDF၊ CDF(KKG)၊ RKDFနှင့် ပကဖ ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ CNDF ရဲဘော် တစ်ဦးကျဆုံးကာ ငါးဦးမှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီယာဉ်တန်းကိုပင် ကလေး PDF တပ်များက နတ်မြောင်းရွာနှင့် စည်သာရွာအကြား၌ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ညနေပိုင်း၌ စည်သာရွာနှင့် ကြာအင်းရွာ ကား၌တစ်ကြိမ် မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ ကားတစ်စီးပျက်စီးပြီး ရှစ်ဦးခန့်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကားကို စည်သာရွာအနီး၌ ပစ်ထားခဲ့သည်ဟု ဆိုသည်။စစ်ကောင်စီတပ် သည် ည ၇နာရီခန့်တွင် ထောက်ကြန့်ရွာသို့ ရောက်ရှိပြီး ရှေ့မဆက်နိုင်ဖြစ်နေကြောင်း ဖော်ပြသည်။

ယမန်နေ့ကလည်း ကလေးနည်းပညာတက္ကသိုလ်မှ ကလေးမြို့ဘက်သို့ ဦးတည်လာသည့် စစ်ယာဉ်တန်းကို ကလေး PDFက တိုက်ခိုက်ခဲ့ရာ ၂၀ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။