Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယာဉ်တန်း နေရာလေးခု၌ တိုက်ခိုက်ခံရပြီး ၁၇ဦးသေဆုံးဟု ကလေး PDFထုတ်ပြန်

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ CNDF ရဲဘော် တစ်ဦးကျဆုံးကာ ငါးဦးမှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

CNDFမှ ရဲ​ဘော်တစ်ဦးလည်း ကျဆုံးခဲ့ရ

ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ကလေးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ​လေးကြိမ်ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား၁၇ဦးခန့် သေဆုံးပြီးပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ကလေးမြို့သို့ ဦးတည်လာသည့် ရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၇ရက် နံနက် ၁၀နာရီခွဲခန့်တွင် အောင်ချမ်းသာရွာနှင့် ချောင်းခွရွာ အကြား၌ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို ကလေး PDF၊ CNDF၊ CDF(KKG)၊ RKDFနှင့် ပကဖ ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ CNDF ရဲဘော် တစ်ဦးကျဆုံးကာ ငါးဦးမှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီယာဉ်တန်းကိုပင် ကလေး PDF တပ်များက နတ်မြောင်းရွာနှင့် စည်သာရွာအကြား၌ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ညနေပိုင်း၌ စည်သာရွာနှင့် ကြာအင်းရွာ ကား၌တစ်ကြိမ် မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ ကားတစ်စီးပျက်စီးပြီး ရှစ်ဦးခန့်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကားကို စည်သာရွာအနီး၌ ပစ်ထားခဲ့သည်ဟု ဆိုသည်။စစ်ကောင်စီတပ် သည် ည ၇နာရီခန့်တွင် ထောက်ကြန့်ရွာသို့ ရောက်ရှိပြီး ရှေ့မဆက်နိုင်ဖြစ်နေကြောင်း ဖော်ပြသည်။

ယမန်နေ့ကလည်း ကလေးနည်းပညာတက္ကသိုလ်မှ ကလေးမြို့ဘက်သို့ ဦးတည်လာသည့် စစ်ယာဉ်တန်းကို ကလေး PDFက တိုက်ခိုက်ခဲ့ရာ ၂၀ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook