Connect with us

Hi, what are you looking for?

News

မလှိုင်တွင် ပျူ​စောထီးအဖြစ်လုပ်ကိုင်​နေသည်ဆို​သော လုပ်ငန်းရှင်သုံးဦးကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့များ သတိ​ပေး

Underground For Mahlaing(UGFM)၊ Mahlaing People Defence Force(MPDF)နှင့် စစ်အာဏာရှင်ဖြုတ်ချရေးမြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု၊ မလှိုင်မြို့နယ်တို့ကပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံပျူ​စောထီး​ခေါင်း​ဆောင်များအဖြစ်လုပ်ကိုင်​နေသည်ဆို​သော စီးပွားရေးလုပ်ငန်းရှင်သုံးဦးနှင့် ၎င်းတို့၏မိသားစုဝင်များအား အကြမ်းဖက်မိသားစုများအဖြစ် သက်မှတ်လိုက်ပြီး ပြည်သူများအ​နေဖြင့် ၎င်းမိသားစုများနှင့်မပတ်သက်ရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးကြေညာသည်။

မလှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဦးရွှေနန်း(ငွေရတနာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကားပိုင်ရှင်)၊ ဦးစိန်မင်း( Goal ဘော်ဒါပိုင်ရှင်)နှင့် ဆည်တိုကျေးရွာနေ ဦးရဲကျော်သူ(အောင်ခွင်မှန် ကိုယ်ပိုင်အထက်တန်း ကျောင်းပိုင်ရှင်) တို့သည် အကြမ်းဖက်စစ်ကောင်စီသစ္စာခံ လက်ကိုင်တုတ်အဖြစ် ဖွဲ့စည်းထားသော မလှိုင်မြို့နယ် ပျူစောထီးအဖွဲ့ဦးဆောင်သူများဖြစ်သည်ဟု ခိုင်လုံသောသတင်းများအရ သိရကြောင်း၊ ထို့ကြောင့် ၎င်းတို့ ၃ဦးနှင့် ၎င်းတို့၏မိသားစုဝင်များကို အကြမ်းဖက်မိသားစုများအဖြစ်လည်းကောင်း၊ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကိုအကြမ်းဖက်လုပ်ငန်းများအဖြစ်လည်းကောင်းသတ်မှတ်ပြီး ထိရောက်သောအရေးယူမှုများပြုလုပ်သွားမည်ဟု မလှိုင်မြို့နယ် အခြေစိုက်တော်လှန်ရေးအဖွဲ့သုံးဖွဲ့မှ ထုတ်ပြန်ကြေညာသည်။

“အဓိက ကတော့ဒီလူတွေကိုဘာကြောင့်အရေးယူရတယ်ဆိုတာကို ပြည်သူတွေသိစေချင်တာပါ။ တော်လှန်ရေးအဖွဲ့တွေက လက်နက်အားကိုးနဲ့ ထင်ရာလုပ်နေတာမဟုတ်ဘူး။ အချင်းချင်းစည်းဝေးတိုင်ပင်ပြီးတော့ ပြည်သူတွေအတွက်အန္တရာယ်ရှိမယ့်သူ၊ တော်လှန်ရေးကိုပုံဖျက်ဖို့ကြိုးစားတဲ့သူတွေကိုပဲ စနစ်တကျအရေးယူမှုတွေလုပ်နေတယ်ဆိုတာကို အားလုံးသိစေချင်တာကတစ်ချက်ပါ၊ နောက်တစ်ချက်က မထုတ်ပြန်ဘဲနဲ့အရေးယူမှုကိုအဆင်ပြေသလိုလုပ်လိုက်ရင် သူတို့နဲ့ပတ်သက်နေတဲ့ပြည်သူနစ်နာမှာစိုးတာက တစ်ချက်ပါ၊ ‌အဲ့ဒီနှစ်ချက်ပါပဲ။” ဟု Mahlaing People Defence Force (MPDF)က လူထုနွေဦးသို့ ပြောသည်။

ပြည်သူလူထုအနေဖြင့် ဖော်ပြပါ ၃ ဦးနှင့်လည်းကောင်း၊ ၎င်းတို့၏ မိသားစုဝင်များနှင့်လည်းကောင်း၊ လူမှူရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ ဆက်ဆံခြင်းများကို ရှောင်ရှားကြရန်အတွက် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း၊ လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို တော်လှန်ရေးအဖွဲ့များအနေဖြင့် လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း မလှိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

သို့​သော် အဆိုပါ လုပ်ငန်းရှင်သုံးဦးသည် ပျူ​စောထီးဟုတ်၊မဟုတ် People’s Spring ကသီးခြားအတည်မပြုနိုင်သလို ၊မှတ်ချက်​မေးမြန်းရန်အတွက်ဆက်သွယ်ရန်ကြိုးစား​သော်လည်း ဆက်သွယ်မရပါ။

Underground For Mahlaing(UGFM)၊ Mahlaing People Defence Force(MPDF)နှင့် စစ်အာဏာရှင်ဖြုတ်ချရေးမြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု၊ မလှိုင်မြို့နယ်တို့ကပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးယူ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ် ၂လုံးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးရာမှာသုံးဖို့ ပြည်သူတွေရဲ့ကားတွေကို ချောဆွဲနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်းထိုး​နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်မှာဆိတ်ကျောင်းသားတဦး မိုင်းထိပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။