Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ တပ်အချင်းချင်းမှားပစ်၍ ၂ ဦးထက်မနည်းသေဆုံးဟု KNU ထုတ်ပြန်

ဖေဖော်ဝါရီလ၄ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်တွင်လည်းအာဏာသိမ်း စစ်ကောင်စီ သိမ်ဇရပ်အမြောက် တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ ကျိုက်ထိုမြို့နယ်တွင် ဖေဖော်ဝါရီ ၄ရက်က စစ်ကောင်စီ တပ်များ အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့ကြပြီး ၂ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

ပဲခူးဖက်မှ သထုံမြို့ဖက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီ ယာဉ်တန်းအား ကရင့်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA တပ်ရင်း (၃)နှင့်ပူးပေါင်း တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ရာ ကား (၂)စီးထိမှန်ပြီး ထိခိုက်ကျဆုံးမှုများသောကြောင့်နောက်ကြောင်းပြန်လှည့်ရာနောက်တန်းတွင် ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

ထိုပစ်ခတ်မှုတွင် KNLA တပ်ရင်း (၃)နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလ၄ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်တွင်လည်းအာဏာသိမ်း စစ်ကောင်စီ သိမ်ဇရပ်အမြောက် တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။