Connect with us

Hi, what are you looking for?

News

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု KRF ထုတ်ပြန်

စစ်ကောင်စီ လက်ပါးစေများ ၊ သတင်းပေး ဒလန်များနှင့် စစ်ကောင်စီဒေါက်တိုင်များအားဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကျိုက်ထိုမြို့နယ် မုပ္ပလင်နှင့် အင်္ဂဘိုကြားတွင် စစ်ကောင်စီယာဉ်တန်းကို ယနေ့ (ဖေဖော်ဝါရီ ၉ရက်) မနက် ၉နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်မှ အထိအခိုက်ရှိမရှိမသိရသေးကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)က ထုတ်ပြန်သည်။

စစ်ကောင်စီ လက်ပါးစေများ ၊ သတင်းပေး ဒလန်များနှင့် စစ်ကောင်စီဒေါက်တိုင်များအားဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

KRF အနေဖြင့် ပြည်သူလူထု အပေါ် တစုံတရာ ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်းအလျဉ်းမရှိကြောင်းနှင့် KRF မှ ပစ်မှတ်ထားတ တိုက်က်ခိုက်ခြင်းများအား ပြည်သူထံ အသိပေးသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

KRF အနေဖြင့် စစ်အာဏာရှင် စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။