Connect with us

Hi, what are you looking for?

News

မန္တလေးသပိတ်စစ်ကြောင်းတွင်ပါဝင်သည့် သံဃာတော်တစ်ပါးကို စစ်ကောင်စီ ဖမ်းဆီး၊ ရိုက်နှက်နှိပ်စက်မှုများကြောင့် အသက်အန္တရာယ် စိုးရိမ်နေရဟုဆို

ဖမ်းဆီးခံလိုက်ရသည့်သံဃာတော်မှာ သဂ်ဇာကျောက်တိုက်မှ ဆရာတော် တစ်ပါးဖြစ်ပြီး ယမန်နေ့(ဖေဖော်ဝါရီ ၉)ညပိုင်းတွင် စစ်ကောင် စီ၏ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မန္တလေးမြို့ သပိတ်စစ်ကြောင်းတွင်ပါဝင်သော သံဃာတော်တစ်ပါးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး ရိုက်နှက် နှိပ်စက်မှုများကြောင့် အ သက်အန္တရာယ်စိုးရိမ်လျက်ရှိကြောင်း သံဃသမဂ္ဂ(မန္တလေး)က ယနေ့ (ဖေဖော်ဝါရီ ၁၀) ထုတ်ပြန်သည်။

ဖမ်းဆီးခံလိုက်ရသည့်သံဃာတော်မှာ သဂ်ဇာကျောက်တိုက်မှ ဆရာတော် တစ်ပါးဖြစ်ပြီး ယမန်နေ့(ဖေဖော်ဝါရီ ၉)ညပိုင်းတွင် စစ်ကောင် စီ၏ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဖမ်းခံလိုက်ရတဲ့ သင်္ဂဇာ​ကျောင်းတိုက်ကဆရာ​တော်ဟာ အကြမ်းဖက် စစ်အုပ်စုက ဖမ်း ဆီးရမိစဉ်မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်၊ နှိပ်စက်၊ ထိုးကြိတ်ခံခဲ့ရကြောင်းလည်း သိရပါတယ်။ အခု ဆရာ​​တော်ကိုဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလဲ မသိရသလို အားလုံးနဲ့ အဆက်အ သွယ်မရဘဲ ဖြစ်နေပါတယ်”ဟု သံဃသမဂ္ဂ(မန္တလေး)မှ မိန့်ကြားသည်။

ထို့အပြင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်သို့ ည ၁ နာရီအချိန် အကြမ်းဖက် အုပ်စုမှ ကား(၇)စီးဖြင့်ရောက်ရှိလာပြီး ပိတ်ထား​​သော တံခါးကို ​အုပ်တံတိုင်း​ကျော်၍ ကိုယ်တိုင်​သော့ဖွင့်ပြီး မစိုးရိမ်တိုက်သစ်ထဲမှ ကျောင်းတစ်ကျောင်းကို ဝင်​ရောက်ရှာဖွေခံရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကျောင်းရှိ သံဃာတော်အားလုံးကို လိုက်လန် စစ်ဆေးမေးမြန်းမှုများ လုပ်​ဆောင်သည့်အပြင် ​သံဃာ​တော်များ၏ လက်ကိုင်ဖုန်း​များပါမကျန် စစ်​ဆေး ခံခဲ့ရ​ကြောင်း သံဃသမဂ္ဂက အသိပေးထားသည်။

သပိတ်စစ်ကြောင်းတွင်လိုက်ပါ၍ အဖမ်းခံလိုက်ရသော ဆရာတော်အား ယမန်နေ့ညက မြေပြင်သပိတ်မှ လူငယ်လေးဦးဖမ်းဆီးခံရပြီး နာရီပိုင်း အကြာတွင် ထပ်မံဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။