မန္တလေးမြို့ သပိတ်စစ်ကြောင်းတွင်ပါဝင်သော သံဃာတော်တစ်ပါးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး ရိုက်နှက် နှိပ်စက်မှုများကြောင့် အ သက်အန္တရာယ်စိုးရိမ်လျက်ရှိကြောင်း သံဃသမဂ္ဂ(မန္တလေး)က ယနေ့ (ဖေဖော်ဝါရီ ၁၀) ထုတ်ပြန်သည်။
ဖမ်းဆီးခံလိုက်ရသည့်သံဃာတော်မှာ သဂ်ဇာကျောက်တိုက်မှ ဆရာတော် တစ်ပါးဖြစ်ပြီး ယမန်နေ့(ဖေဖော်ဝါရီ ၉)ညပိုင်းတွင် စစ်ကောင် စီ၏ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“အဖမ်းခံလိုက်ရတဲ့ သင်္ဂဇာကျောင်းတိုက်ကဆရာတော်ဟာ အကြမ်းဖက် စစ်အုပ်စုက ဖမ်း ဆီးရမိစဉ်မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်၊ နှိပ်စက်၊ ထိုးကြိတ်ခံခဲ့ရကြောင်းလည်း သိရပါတယ်။ အခု ဆရာတော်ကိုဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလဲ မသိရသလို အားလုံးနဲ့ အဆက်အ သွယ်မရဘဲ ဖြစ်နေပါတယ်”ဟု သံဃသမဂ္ဂ(မန္တလေး)မှ မိန့်ကြားသည်။
ထို့အပြင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်သို့ ည ၁ နာရီအချိန် အကြမ်းဖက် အုပ်စုမှ ကား(၇)စီးဖြင့်ရောက်ရှိလာပြီး ပိတ်ထားသော တံခါးကို အုပ်တံတိုင်းကျော်၍ ကိုယ်တိုင်သော့ဖွင့်ပြီး မစိုးရိမ်တိုက်သစ်ထဲမှ ကျောင်းတစ်ကျောင်းကို ဝင်ရောက်ရှာဖွေခံရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကျောင်းရှိ သံဃာတော်အားလုံးကို လိုက်လန် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သည့်အပြင် သံဃာတော်များ၏ လက်ကိုင်ဖုန်းများပါမကျန် စစ်ဆေး ခံခဲ့ရကြောင်း သံဃသမဂ္ဂက အသိပေးထားသည်။
သပိတ်စစ်ကြောင်းတွင်လိုက်ပါ၍ အဖမ်းခံလိုက်ရသော ဆရာတော်အား ယမန်နေ့ညက မြေပြင်သပိတ်မှ လူငယ်လေးဦးဖမ်းဆီးခံရပြီး နာရီပိုင်း အကြာတွင် ထပ်မံဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
