Connect with us

Hi, what are you looking for?

News

မတ္တရာတွင် အင်အား ၃၀ခန့်ပါစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော

ဖေဖော်ဝါရီ ၁၁ရက် မွန်းလွဲ ၂နာရီ ၄၅မိနစ်ခန့်တွင် မတ္တရာမြို့နယ် မြောင်းသစ်ရွာအလွန်တွင် မိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွယ် ယနေ့နေ့လည်ပိုင်းက စစ်ကောင်စီတပ်၏ အင်အား ၃၀ခန့်ပါ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်က မိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်မှုရှိနိုင်ကြောင်း မတ္တရာဒေသခံက ပြောသည်။

ဖေဖော်ဝါရီ ၁၁ရက် မွန်းလွဲ ၂နာရီ ၄၅မိနစ်ခန့်တွင် မတ္တရာမြို့နယ် မြောင်းသစ်ရွာအလွန်တွင် မိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သဖန်းကိုင်းရွာကနေ ဒီနေ့နေ့လည် ၂နာရီလောက်မှာ ထွက်ခွာလာတယ်။ သုံးဘီးဆိုင်ကယ် တစ်စီးကို ချောဆွဲလာပြီး အဲဒီပေါ် အထုပ်အပိုးတွေတင်၊ လူနာတစ်ယောက်တင်။ အဲဒီလိုတင်ပြီး ကျန်တဲ့သူတွေ ခြေခြောင်းထိုးလာတဲ့ စခအင်အား ၃၀လောက်ကို မြောင်းသစ်ရွာအလွန်မှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာ။ ထိခိုက်ဒဏ်ရာရမှုတော့ရှိနိုင်တယ်။ ဘယ်လောက်ရှိလဲတော့ မသိသေးဘူး”ဟု ဒေသခံက ပြောသည်။

Public Service Announcement

ထိုသို့ မိုင်းဆွဲခံရခြင်းကြောင့် စစ်ကောင်စီတပ်များက မိနစ်အနည်းငယ်ကြာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီ ၂ရက်ကတည်း က မတ္တရာမြို့နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်တပ်စွဲကာ ကျေးရွာများအတွင်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြင်း၊ ကင်းပတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်များလှုပ်ရှားမှုရှိ၍ သဖန်းကိုင်းရွာအနီးဝန်းကျင်ရှိ ကျေးရွာအချို့မှာ မင်္ဂလာဆောင်ကိုပင် ကင်းများထားရှိပြီး ကျင်းပခဲ့ရကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook