Connect with us

Hi, what are you looking for?

News

အိမ်မှာစစ်ကြည့်လို့ Negative ဆိုတိုင်း ကိုဗစ်မရှိဘူးလို့ ပြောလို့မရပါဘူး

“သားလေးက စဖျားပြီး တစ်အိမ်လုံး ကိုက်ခဲ နှာမွှန်ဖြစ်ကြတာ။ စစ်ကြည့်တော့လည်းအကုန် Negative ပဲ။ လက္ခဏာတွေကတော့ ကိုဗစ်ပုံစံပဲ။ လည်ချောင်းတွေနာတယ်” လို့ တစ်အိမ်လုံးဖျား၊ နာနေတဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - ကိုဗစ်တတိယလှိုင်းတုန်းက အောက်စီဂျင်တန်းစီနေကြသူများကို တွေ့ရစဥ်

ကိုဗစ်လက္ခဏာတွေခံစားနေရပေမယ့် အများစုက နေအိမ်တွေမှာပဲ ကိုဗစ် Rapit Test တွေနဲ့စစ်ဆေးတဲ့အခါ Negative ထွက်တာမျိုး ကြုံနေရတယ်လို့ ရန်ကုန်မြို့ခံတွေကို မေးမြန်းချက်အရသိရပါတယ်။

“သားလေးက စဖျားပြီး တစ်အိမ်လုံး ကိုက်ခဲ နှာမွှန်ဖြစ်ကြတာ။ စစ်ကြည့်တော့လည်းအကုန် Negative ပဲ။ လက္ခဏာတွေကတော့ ကိုဗစ်ပုံစံပဲ။ လည်ချောင်းတွေနာတယ်” လို့ တစ်အိမ်လုံးဖျား၊ နာနေတဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

အိမ်မှာပဲ စစ်လို့ရတဲ့ Rapit Test တွေနဲ့ ကိုဗစ်စစ်ဆေးပြီး Negative ဖြစ်ခဲ့ရင် ကိုဗစ်မဟုတ်ဘူးလို့ မှတ်ယူလို့မရဘူးလို့ ကိုဗစ်ကျန်းမာရေး ဗဟုသုတတွေပေးနေတဲ့ ဒေါက်တာယုသန္ဒာအောင် က ပြောပါတယ်။

” Rapit Test နဲ့စစ်တဲ့အခါမှာ Negative ဖြစ်တတ်တယ်။ ဘာမှာ သွားတွေ့လဲဆိုရင် PCR Test။ PCR Test က ဓာတ်ခွဲခန်းကိုပို့မှ Positive လား Negative လား သိရတယ်” လို့ ဒေါက်တာယုသန္ဒာအောင် က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုကူးစက်မှုမြန်နေတဲ့ အိုမီခရွန်က လည်ချောင်းအဓိကနာပြီး၊ ချောင်းဆိုးတာ၊ ကိုယ်ပူတာတွေလည်း ဖြစ်တယ်လို့ ဒေါက်တာက ပြောပါတယ်။

ငှက်သိုက်တွေ၊ ဖြည့်စွက်စာတွေ စားစရာ၊ သောက်စရာမလိုဘဲ အားရှိအောင်ပုံမှန်စားနေကျအတိုင်းစားသုံးသင့်ပြီး ပရိုတင်းနဲ့ ဗီတာမင်စီ ပါဝင်တဲ့ အစားအစားတွေကို ပါအောင်စားကြပါလို့ ဒေါက်တာယုသန္ဒာအောင်အကြံပြုပါတယ်။

လူတိုင်းလုပ်နိုင်တာက ဆားရေအာလုတ်ကျင်းသင့်ပြီး၊ အသည်းရောဂါမရှိသူတွေကတော့ အဖျားရှိရင် ပါရာဆီတမော ၅၀၀ အားသောက်သုံးနိုင်တယ်လို့ ပြောပါတယ်။ ချောင်းဆိုးရင်လည်း ချောင်းဆိုးသောက်ဆေးတွေသောက်နိုင်ပါတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလဆန်းကစလို့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်တက်လာနေပြီး အိမ်တိုင်းမှာလိုလို ဖျားနာတာ၊ အသံဝင်တာ၊ ချာင်းဆိုးတာတွေ ဖြစ်နေတာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။