Connect with us

Hi, what are you looking for?

News

စစ်ရှောင်များကို ကူညီခြင်းအပါအဝင် ဇန်နဝါရီအတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ကျပ်သိန်း ၃,၆၀၀ ကျော်ပံ့ပိုးခဲ့ဟု NUGထုတ်ပြန်

ထိုသို့ထောက်ပံ့ရာတွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူများအပြင် ဒေသအသီးသီးရှိ တော်လှန်ရေး၌ ပါဝင်ရင်း အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များကိုလည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီ ကျပ်သိန်း ၃,၆၀၀ ကျော်ပံ့ပိုးခဲ့ကြောင်း ယနေ့ထုတ်ပြန်သည်။

ထိုသို့ထောက်ပံ့ရာတွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူများအပြင် ဒေသအသီးသီးရှိ တော်လှန်ရေး၌ ပါဝင်ရင်း အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များကိုလည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ကရင်နီပြည်နယ်အတွင်း ဘေးလွတ်မည့်ဟုထင်သော နေရာများသို့ ထွက်ပြေးပုန်းရှောင်နေကြရသော ပြည်သူများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များနှင့် ကရင်ပြည် နယ် ဆက်စပ်မြို့နယ်များသို့ လာရောက် ခိုလှုံလျက်ရှိကြသည့် ပြည်သူများ၊ တနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ် များရှိတိုက်ပွဲရှောင်ပြည်သူများအတွက် ဒေသခံမိတ်ဖက်အဖွဲ့များ၊ လူငယ်အဖွဲ့များနှင့် ချိတ်ဆက်၍ စားနပ်ရိက္ခာလိုအပ်ချက်များ၊ အသုံးအဆောင်ပစ္စည်းများ ပံ့ပိုးကူညီပေးခဲ့သည်ဟုထုတ်ပြန်သည်။

ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီးအမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်းပြည်သူများကို ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။