Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတွင် တိုက်လေယာဥ်တစ်စီး ပျက်ကျ

” ဗွှိုင်လာနဲ့ ခြေထောက်အသားစလေးတွေဘဲရှာတွေ့တော့တယ်လို့ သိရပါတယ်၊ ကစထမှူးလို့ ကနဦးသိရပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

(​ရေမျက်ကြီးအင်းကို​ တွေ့ရစဥ်(ပုံအ​ဟောင်း) ၊ဓာတ်ပုံ-​ဇေယျာတိုင်းမ်)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ရေမျက်ကြီးအင်းအတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဥ်တစ်စီးပျက်ကျသွားကြောင်း အဆိုပါမြို့နယ် မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၁၁နာရီခန့်က ဖြစ်ပွားခဲ့ပြီး ကူညီကယ်ဆယ်မှုအပိုင်းများဆက်လက်လုပ်ကိုင်နေရသည့်အတွက် ဖြစ်စဥ်အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ယ​နေ့ နံနက် ၁၀း၄၅အချိန်က အကြမ်းဖက်စစ်ကောင်စီ၏ Jet Fighter တစ်စီးပျက်ကျခဲ့ခြင်းဖြစ်ပြီး အင်းအလယ်သို့ပျက်ကျခြင်းဖြစ်ကာ လူသေအလောင်းတစ်လောင်းဆယ်ယူရရှိထားကြောင်း စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

” ဗွှိုင်လာနဲ့ ခြေထောက်အသားစလေးတွေဘဲရှာတွေ့တော့တယ်လို့ သိရပါတယ်၊ ကစထမှူးလို့ ကနဦးသိရပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“စက်ချို့ယွင်းပြီး ပျက်ကျတယ်လို့ လောလောဆယ်ပြောလို့ရပါတယ်”ဟု အထက်ပါ မီးသတ်ဦးစီးဌာနမှအရာရှိက ပြောသည်။

အခင်းဖြစ်ရာသို့ မီးသတ်၊ ကြက်ခြေနီ၊ လူတင်ယာဥ်များရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရဟတ်ယာဥ်အပြင် တိုက်လေယာဥ်များဖြင့်ပါ အသုံးပြု၍ စစ်ကိုင်း၊ မကွေးတိုင်း၊ ကရင်၊ ကရင်နီနှင့် ချင်းပြည်နယ်တို့ကို တိုက်ခိုက်အသုံးပြုနေသည်။

တိုက်​လေယာဥ်ပျက်ကျ​သောသတင်းကို စစ်​ကောင်စီကလည်းယ​နေ့မွန်းလွှဲပိုင်းတွင်ထုတ်ပြန်သည်။ပုံမှန်အားဖြင့် တိုက်ပွဲသတင်းများ စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှူများထုတ်ပြန်​လေ့မရှိ​သော ​စစ်​ကောင်စီက တံတားဦး​လေတပ်စခန်းမှ ​လေ့ကျင့်ပျံသန်းစဥ်စက်ခြို့ယွင်း၍ပျက်ကျခြင်းဖြစ်သည်ဟုဆိုသည်။​​​လေယာဥ်​ပေါ်ပါလေသူရဲကိုရှာ​​ဖွေ​နေဆဲဖြစ်သည်ဟုစစ်​ကောင်စီထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ဒေသခံပြည်သူများနှင့် ၊ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက လူထုကို လေကြောင်းမှဗုံးကျဲရန်၊ တိုက်ခိုက်ရန်ကြိုးစားရင်း ပျက်ကျခြင်းဖြစ်သည်ဟု ပြောဆို​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။