Connect with us

Hi, what are you looking for?

News

မန္တလေး-မိုးကုတ်လမ်းတွင် စစ်ကောင်စီယာဥ်တန်းအား PDF များက ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်

ယင်းတိုက်ခိုက်မှုကို မတ္တရာ ပကဖနှင့် Mandalay People’s Defense Force (MPDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာမြို့နယ်)က အသိပေးသည်။ ထိခိုက်သေဆုံးမှုအခြေအနေကို နှစ်ဖက်အဖွဲ့များက အသိပေးထုတ်ပြန်ခြင်းမရှိသေးပါ။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်လမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာမြို့နယ်)က သတင်းထုတ်ပြန်သည်။

ယနေ့( ဖေဖော်ဝါရီ၁၆ ရက် )နံနက်အစောပိုင်းက သပိတ်ကျင်းမြို့နယ် (၇) မိုင်ဘက်မှဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ ၃၂စီးပါ ယာဥ်တန်းကို နံနက် ၆နာရီ မိနစ် ၅၀တွင် ဘိုးတော်တောင်ကွေ့အနီး ပထမအကြိမ်၊ ၆နာရီ ၅၃ မိနစ်တွင် မတ္တရာမြို့နယ် ဥက္ကံကျေးရွာနှင့် ပွဲစားကုန်းကျေးရွာကြားတွင် ဒုတိယအကြိမ်၊ နံနက် ၈နာရီ ၂၄မိနစ်တွင် မတ္တရာမြို့နယ် သပြေပင်ကုန်းကျေးရွာနှင့် ဘိုကုန်းကြားတွင် တတိယအကြိမ်၊ နံနက် ၈ နာရီမိနစ် ၄၀ နှင့် ၈ နာရီ၄၇မိနစ် များတွင် မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာတောင်ဘက်တွင် စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ်၊ စုစုပေါင်း ငါးကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာမြို့နယ်)က အသိပေးသည်။

ယင်းတိုက်ခိုက်မှုကို မတ္တရာ ပကဖနှင့် Mandalay People’s Defense Force (MPDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာမြို့နယ်)က အသိပေးသည်။ ထိခိုက်သေဆုံးမှုအခြေအနေကို နှစ်ဖက်အဖွဲ့များက အသိပေးထုတ်ပြန်ခြင်းမရှိသေးပါ။

မိုင်းဆွဲခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားအချို့ လမ်းဘေးထိုးကျနေသည်ကိုလည်းတွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ၁၄ ရက်က မန္တလေးတိုင်း စဥ့်ကူးမြို့နယ်မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားတစ်ဦးနှင့်ရဲအရာရှိတစ်ဦးသေဆုံးခဲ့ကာ တပ်ကူလာသည့် ယာဥ်များကိုပါနှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စဉ့်ကူးပြည်သူ့ကာကွယ်ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ဖေဖော်ဝါရီ ၁၃ ရက်ကလည်း မန္တ​လေး-မိုးကုတ်လမ်း​ပေါ်ရှိ ​ဂွေးပင်ရွာအနီးရှိစစ်​ကောင်စီတပ်ကို PDF ကစီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှစခန်းရှိ တပ်ရင်းမှူးအပါအဝင် ၄၀ ဦးခန့်​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။