Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်မှ ​လောင်းရှည်မြို့နယ်သို့ ဦးတည်လာသည့် စစ်​ကောင်စီတပ်စစ်​ကြောင်း မိုင်းမိ၍ သုံးဦး​သေ၊ ​ခြောက်ဦးခန့်ဒဏ်ရာရ

သေဆုံးသွားသူများအနက် (၂)ပွင့်ဗိုလ်တစ်ဦး ပါရှိကာဖေဖော်ဝါရီ ၁၇ ရက် နေ့လည်ပိုင်းတွင် လောင်းရှည်မြို့တွင် သင်္ဂြိုဟ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် အမိန့်ပြန်တမ်း လာရောက်ထုတ်ပြန်ပေးသွားသည်ဟု PDF -Saw က အသိပေးသည်။

(ဖေဖော်ဝါရီ ဒုတိယပတ်က စစ်ကောင်စီတပ် မိုင်းဆွဲခံရသည့် ပုံဟောင်းဖြစ်သည်။)

မကွေးတိုင်း ဆောမြို့မှ လောင်းရှည်မြို့နယ်ဘက်သို့ ဦးတည်လာသော စစ်ကား ၁၆စီးနှင့် အင်အား ၂၅၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်မိုင်းမိ၍ သုံးဦးသေပြီး ခြောက်ဦးခန့်ဒဏ်ရာရရှိကြောင်း PDF-SAW က ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) ထုတ်ပြန်သည်။

ခက်ရင်းခွသဏ္ဍာန်ဖော်ကာ စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၆ ရ​က်က PDF-SAW မှ ထောင်ထားသည့် တိုက်မိုင်း သုံးလုံးကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်းဟု ဆို သည်။

Public Service Announcement

သေဆုံးသွားသူများအနက် (၂)ပွင့်ဗိုလ်တစ်ဦး ပါရှိကာဖေဖော်ဝါရီ ၁၇ ရက် နေ့လည်ပိုင်းတွင် လောင်းရှည်မြို့တွင် သင်္ဂြိုဟ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် အမိန့်ပြန်တမ်း လာရောက်ထုတ်ပြန်ပေးသွားသည်ဟု PDF -Saw က အသိပေးသည်။

ယခုလ ဒုတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ယောဒေသများအနက် ယော၊ လောင်းရှည်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်ခဲ့ပြီး ယောဒေသ၌ လမ်းကြောင်းတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၀ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါကြားဖြတ်တိုက်ခိုက်ခြင်းမှာကြောင့်ဖေဖော်ဝါရီ ၁၃ရက်အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးကြောင်း ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။