Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆောမြို့နယ်မှ ​လောင်းရှည်မြို့နယ်သို့ ဦးတည်လာသည့် စစ်​ကောင်စီတပ်စစ်​ကြောင်း မိုင်းမိ၍ သုံးဦး​သေ၊ ​ခြောက်ဦးခန့်ဒဏ်ရာရ

သေဆုံးသွားသူများအနက် (၂)ပွင့်ဗိုလ်တစ်ဦး ပါရှိကာဖေဖော်ဝါရီ ၁၇ ရက် နေ့လည်ပိုင်းတွင် လောင်းရှည်မြို့တွင် သင်္ဂြိုဟ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် အမိန့်ပြန်တမ်း လာရောက်ထုတ်ပြန်ပေးသွားသည်ဟု PDF -Saw က အသိပေးသည်။

(ဖေဖော်ဝါရီ ဒုတိယပတ်က စစ်ကောင်စီတပ် မိုင်းဆွဲခံရသည့် ပုံဟောင်းဖြစ်သည်။)

မကွေးတိုင်း ဆောမြို့မှ လောင်းရှည်မြို့နယ်ဘက်သို့ ဦးတည်လာသော စစ်ကား ၁၆စီးနှင့် အင်အား ၂၅၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်မိုင်းမိ၍ သုံးဦးသေပြီး ခြောက်ဦးခန့်ဒဏ်ရာရရှိကြောင်း PDF-SAW က ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) ထုတ်ပြန်သည်။

ခက်ရင်းခွသဏ္ဍာန်ဖော်ကာ စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၆ ရ​က်က PDF-SAW မှ ထောင်ထားသည့် တိုက်မိုင်း သုံးလုံးကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်းဟု ဆို သည်။

Public Service Announcement

သေဆုံးသွားသူများအနက် (၂)ပွင့်ဗိုလ်တစ်ဦး ပါရှိကာဖေဖော်ဝါရီ ၁၇ ရက် နေ့လည်ပိုင်းတွင် လောင်းရှည်မြို့တွင် သင်္ဂြိုဟ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် အမိန့်ပြန်တမ်း လာရောက်ထုတ်ပြန်ပေးသွားသည်ဟု PDF -Saw က အသိပေးသည်။

ယခုလ ဒုတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ယောဒေသများအနက် ယော၊ လောင်းရှည်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်ခဲ့ပြီး ယောဒေသ၌ လမ်းကြောင်းတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၀ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါကြားဖြတ်တိုက်ခိုက်ခြင်းမှာကြောင့်ဖေဖော်ဝါရီ ၁၃ရက်အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးကြောင်း ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။