Connect with us

Hi, what are you looking for?

News

ပြည်တွင်းဘဏ်များ ​​ဒေါ်လာရလိုသဖြင့် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှုကိုအပြိုင်အဆိုင်ကြော်ငြာ၍ဆွဲ​ဆောင်​နေ

စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက် ပြည်တွင်းဘဏ်များမှ ငွေထုတ်ယူခွင့်ကိုအကြိမ်ကြိမ်ကန့်သတ်ခဲ့ရာ ၂၀၂၁ မတ်လတွင် လူတစ်ဦးလျှင် တစ်ပတ် ကျပ် ၂သိန်းနှင့် ကုမ္ပဏီတစ်ခုကို ကျပ် သိန်း၂၀ ထုတ်ပေးရန် ကန့်သတ်ခဲ့သည်။

(​ဒေါ်လာရရန် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှု​ကြော်ငြာများ)

ပြည်တွင်းပုဂ္ဂလိကဘဏ်များက နိုင်ငံခြားငွေ ဒေါ်လာလိုအပ်ချက်ကြီးမားလာ၍ နိုင်ငံခြားငွေလွှဲဒေါ်လာနှင့် သင်္ဘောသားလစာများကို ကျပ်ဖြင့်ပြောင်းထုတ်ရန် အပြိုင်အဆိုင် မက်လုံးပေး​ကြော်ငြာ​လာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်များတွင် ငွေထုတ်ယူခွင့်ကို ကန့်သတ်ခဲ့သော်လည်း ယခုအခါ ပြည်တွင်းဘဏ်များက ဒေါ်လာရရှိမည့် နိုင်ငံခြားငွေလွှဲဝန်​ဆောသ်မှုများကို အကန့်အသတ်မရှိထုတ်ယူနိုင်ကြောင်းနှင့် လက်ဆောင်အဖြစ် အပိုဆောင်းငွေများ ပေးအပ်မည်ဟု ဘဏ်များကအပြိုင်အဆိုင်​ကြော်ငြာလာကြခြင်းဖြစ်သည်။

(​ဒေါ်လာရရန် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှု​ကြော်ငြာများ)

စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက် ပြည်တွင်းဘဏ်များမှ ငွေထုတ်ယူခွင့်ကိုအကြိမ်ကြိမ်ကန့်သတ်ခဲ့ရာ ၂၀၂၁ မတ်လတွင် လူတစ်ဦးလျှင် တစ်ပတ် ကျပ် ၂သိန်းနှင့် ကုမ္ပဏီတစ်ခုကို ကျပ် သိန်း၂၀ ထုတ်ပေးရန် ကန့်သတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ဖေဖော်ဝါရီ ၃ရက်မှစတင်ပြီး လူမူကွန်ယက်ပေါ်မှ ပျောက်ကွယ်သွားသည့်ဧရာဝတီဘဏ်- AYAဘဏ်သည် ၂၀၂၂ ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ပြီး နိုင်ငံခြားငွေလွှဲများ နှင့် ဘင်္ဘောသားလစာနိုင်ငံခြားငွေများကို ကျပ်ငွေဖြင့် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာလာသည်။

Public Service Announcement

Public Service Announcement

(​ဒေါ်လာရရန် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှု​ကြော်ငြာများ)

နိုင်ငံခြားမှပြည်တွင်းသို့ ငွေလွှဲသည့် Western Union ကို မြန်မာကျပ်ငွေဖြင့် ငွေသားအကန့်အသတ်မဲ့ ထုတ်ပေးမည်ဟုဦး​ဇော်​ဇော်၏ AYA ဘဏ်က​ကြော်ငြာသည်။ စင်ကာပူ DBS Remitဖြင့် ငွေလွှဲပါက တစ်ပတ်လျှင် ကျပ် ၅သိန်းအထိ အလွယ်တကူထုတ်ယူနိုင်သည်ဟု ဆိုသည်။

ထိုပြင်သင်္ဘောသားလစာနိုင်ငံခြားငွေစာရင်းများကို ကျပ်ငွေဖြင့်ပြောင်းလဲပြီး တစ်ပတ်လျှင် ကျပ် သိန်း ၂၀ ထုတ်ပေးမည်ဟုလည်း ဆိုပြန်သည်။

ဦးချစ်ခိုင်၏မြန်မာ့​ရှေ့​ဆောင်ဘဏ်-MAB ဘဏ်ကလည်း Western Union ငွေလွှဲစနစ်ဖြင့် နိုင်ငံခြားငွေလွှဲများကို ငွေထုတ်ယူပါက ကျပ်တစ်သောင်း ငွေသားလက်ဆောင်ပေးမည်ဟု​ကြော်ငြာထားသည်။

စစ်ဗိုလ်ချုပ်​ဟောင်းဦးအောင်သောင်းသား ဦး​နေ​​အောင်ပိုင်ဆိုင်သည့် UABဘဏ်ကလည်း Western Union ၊ Ria, Krung Thai စသည့် နိုင်ငံခြားငွေလွဲများဖြင့် မြန်မာကျပ်ငွေ ထုတ်ယူပါက မတ် ၁၄ ရက်အထိ ငွေကျပ် ၁၀သိန်းအထက်ထုတ်ယူပါက ငွေသားတစ်သောင်းခွဲ အပိုဆုပေးမည်ဟု​ကြော်ငြာထားသည်။

(​ဒေါ်လာရရန် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှု​ကြော်ငြာများ)

မြန်မာနိုင်ငံသားများဘဏ်-MCBက “ 𝗠𝗼𝗻𝗲𝘆𝗚𝗿𝗮𝗺၊ 𝗥𝗶𝗮/ 𝗜𝗠𝗘 ၊𝗖𝗶𝘁𝘆 𝗘𝘅𝗽𝗿𝗲𝘀𝘀 𝗠𝘆𝗮𝗻𝗺𝗮𝗿 ၊ 𝗠𝗲𝗿𝗰𝗵𝗮𝗻𝘁𝗿𝗮𝗱𝗲 နိုင်ငံခြားငွေလွှဲများကို ငွေလွှဲပေးပို့သည့်ပမာဏအတိုင်း ငွေသားအပြည့် 𝗠𝗖𝗕 ဘဏ်ခွဲများတွင် ထုတ်ယူနိုင်ပါပြီ။” ဟု ယမန့်နေက ​ကြော်ငြာထားသည်။

“ဒေါ်လာလို့အပ်လာလို့ အပြိုင်အဆိုင်မက်လုံးပေးဆွဲဆောင်နေကြတာ။ ဘဏ်တွေမှာ ဒေါ်လာလိုအပ်ချက် တော်တော်များနေတယ်။ ကျပ်ငွေကိုကိုင်ထားရတာ အာမခံချက်မရှိတော့လည်းပါတယ်”ဟု ဘဏ်မန်နေဂျာတစ်ဦးကသုံးသပွပြောသည်။

​ရွှေသံလွင်ဦးကျော်ဝင်းပိုင်ဆိုင်သည့် ရွှေဘဏ်ကလည်း နိုင်ငံခြားငွေလွှဲများအတွက် ကျပ်ငါးသိန်းနှင့်အထက်ထုတ်ယူပါက အပိုဆုငွေ ငါးထောင်ပေးမည်ဟု​ကြော်ငြာထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။