Connect with us

Hi, what are you looking for?

News

ပြည်တွင်းဘဏ်များ ​​ဒေါ်လာရလိုသဖြင့် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှုကိုအပြိုင်အဆိုင်ကြော်ငြာ၍ဆွဲ​ဆောင်​နေ

စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက် ပြည်တွင်းဘဏ်များမှ ငွေထုတ်ယူခွင့်ကိုအကြိမ်ကြိမ်ကန့်သတ်ခဲ့ရာ ၂၀၂၁ မတ်လတွင် လူတစ်ဦးလျှင် တစ်ပတ် ကျပ် ၂သိန်းနှင့် ကုမ္ပဏီတစ်ခုကို ကျပ် သိန်း၂၀ ထုတ်ပေးရန် ကန့်သတ်ခဲ့သည်။

(​ဒေါ်လာရရန် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှု​ကြော်ငြာများ)

ပြည်တွင်းပုဂ္ဂလိကဘဏ်များက နိုင်ငံခြားငွေ ဒေါ်လာလိုအပ်ချက်ကြီးမားလာ၍ နိုင်ငံခြားငွေလွှဲဒေါ်လာနှင့် သင်္ဘောသားလစာများကို ကျပ်ဖြင့်ပြောင်းထုတ်ရန် အပြိုင်အဆိုင် မက်လုံးပေး​ကြော်ငြာ​လာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်များတွင် ငွေထုတ်ယူခွင့်ကို ကန့်သတ်ခဲ့သော်လည်း ယခုအခါ ပြည်တွင်းဘဏ်များက ဒေါ်လာရရှိမည့် နိုင်ငံခြားငွေလွှဲဝန်​ဆောသ်မှုများကို အကန့်အသတ်မရှိထုတ်ယူနိုင်ကြောင်းနှင့် လက်ဆောင်အဖြစ် အပိုဆောင်းငွေများ ပေးအပ်မည်ဟု ဘဏ်များကအပြိုင်အဆိုင်​ကြော်ငြာလာကြခြင်းဖြစ်သည်။

(​ဒေါ်လာရရန် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှု​ကြော်ငြာများ)

စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက် ပြည်တွင်းဘဏ်များမှ ငွေထုတ်ယူခွင့်ကိုအကြိမ်ကြိမ်ကန့်သတ်ခဲ့ရာ ၂၀၂၁ မတ်လတွင် လူတစ်ဦးလျှင် တစ်ပတ် ကျပ် ၂သိန်းနှင့် ကုမ္ပဏီတစ်ခုကို ကျပ် သိန်း၂၀ ထုတ်ပေးရန် ကန့်သတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ဖေဖော်ဝါရီ ၃ရက်မှစတင်ပြီး လူမူကွန်ယက်ပေါ်မှ ပျောက်ကွယ်သွားသည့်ဧရာဝတီဘဏ်- AYAဘဏ်သည် ၂၀၂၂ ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ပြီး နိုင်ငံခြားငွေလွှဲများ နှင့် ဘင်္ဘောသားလစာနိုင်ငံခြားငွေများကို ကျပ်ငွေဖြင့် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာလာသည်။

Public Service Announcement

Public Service Announcement

(​ဒေါ်လာရရန် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှု​ကြော်ငြာများ)

နိုင်ငံခြားမှပြည်တွင်းသို့ ငွေလွှဲသည့် Western Union ကို မြန်မာကျပ်ငွေဖြင့် ငွေသားအကန့်အသတ်မဲ့ ထုတ်ပေးမည်ဟုဦး​ဇော်​ဇော်၏ AYA ဘဏ်က​ကြော်ငြာသည်။ စင်ကာပူ DBS Remitဖြင့် ငွေလွှဲပါက တစ်ပတ်လျှင် ကျပ် ၅သိန်းအထိ အလွယ်တကူထုတ်ယူနိုင်သည်ဟု ဆိုသည်။

ထိုပြင်သင်္ဘောသားလစာနိုင်ငံခြားငွေစာရင်းများကို ကျပ်ငွေဖြင့်ပြောင်းလဲပြီး တစ်ပတ်လျှင် ကျပ် သိန်း ၂၀ ထုတ်ပေးမည်ဟုလည်း ဆိုပြန်သည်။

ဦးချစ်ခိုင်၏မြန်မာ့​ရှေ့​ဆောင်ဘဏ်-MAB ဘဏ်ကလည်း Western Union ငွေလွှဲစနစ်ဖြင့် နိုင်ငံခြားငွေလွှဲများကို ငွေထုတ်ယူပါက ကျပ်တစ်သောင်း ငွေသားလက်ဆောင်ပေးမည်ဟု​ကြော်ငြာထားသည်။

စစ်ဗိုလ်ချုပ်​ဟောင်းဦးအောင်သောင်းသား ဦး​နေ​​အောင်ပိုင်ဆိုင်သည့် UABဘဏ်ကလည်း Western Union ၊ Ria, Krung Thai စသည့် နိုင်ငံခြားငွေလွဲများဖြင့် မြန်မာကျပ်ငွေ ထုတ်ယူပါက မတ် ၁၄ ရက်အထိ ငွေကျပ် ၁၀သိန်းအထက်ထုတ်ယူပါက ငွေသားတစ်သောင်းခွဲ အပိုဆုပေးမည်ဟု​ကြော်ငြာထားသည်။

(​ဒေါ်လာရရန် နိုင်ငံခြား​ငွေလွှဲဝန်​ဆောင်မှု​ကြော်ငြာများ)

မြန်မာနိုင်ငံသားများဘဏ်-MCBက “ 𝗠𝗼𝗻𝗲𝘆𝗚𝗿𝗮𝗺၊ 𝗥𝗶𝗮/ 𝗜𝗠𝗘 ၊𝗖𝗶𝘁𝘆 𝗘𝘅𝗽𝗿𝗲𝘀𝘀 𝗠𝘆𝗮𝗻𝗺𝗮𝗿 ၊ 𝗠𝗲𝗿𝗰𝗵𝗮𝗻𝘁𝗿𝗮𝗱𝗲 နိုင်ငံခြားငွေလွှဲများကို ငွေလွှဲပေးပို့သည့်ပမာဏအတိုင်း ငွေသားအပြည့် 𝗠𝗖𝗕 ဘဏ်ခွဲများတွင် ထုတ်ယူနိုင်ပါပြီ။” ဟု ယမန့်နေက ​ကြော်ငြာထားသည်။

“ဒေါ်လာလို့အပ်လာလို့ အပြိုင်အဆိုင်မက်လုံးပေးဆွဲဆောင်နေကြတာ။ ဘဏ်တွေမှာ ဒေါ်လာလိုအပ်ချက် တော်တော်များနေတယ်။ ကျပ်ငွေကိုကိုင်ထားရတာ အာမခံချက်မရှိတော့လည်းပါတယ်”ဟု ဘဏ်မန်နေဂျာတစ်ဦးကသုံးသပွပြောသည်။

​ရွှေသံလွင်ဦးကျော်ဝင်းပိုင်ဆိုင်သည့် ရွှေဘဏ်ကလည်း နိုင်ငံခြားငွေလွှဲများအတွက် ကျပ်ငါးသိန်းနှင့်အထက်ထုတ်ယူပါက အပိုဆုငွေ ငါးထောင်ပေးမည်ဟု​ကြော်ငြာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း ရွှေစျေးနှင့် ဒေါ်လာစျေး ပြန်လည်မြင့်တက်လာကြောင်း ဝယ်ရောင်းစျေးကွက်ထံမှ သိရသည်။

သတင်း

ပြည်တွင်းရွှေဈေးနှင့်နိုင်ငံခြားငွေဈေးများ ယနေ့(​အောက်တိုဘာ ၃) အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

သတင်း

ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုနည်းပါးလာသည်ဟု စစ်ကောင်စီဗဟိုဘဏ် ဝန်ခံ

သတင်း

ကျပ်​​ငွေတန်ဖိုးကျဆင်းသဖြင့် ရွှေ​ဈေးမှာ ပြည်တွင်း​ဈေးကွက်အတွင်းသမိုင်းတစ်​လျှောက် အမြင့်ဆုံးဖြစ်​လာသည်။ အမြင့်ဆုံး​ဈေးစံချိန်မှာဆက်တိုက်ကျိုး​နေခြင်းဖြစ်သည်။