Connect with us

Hi, what are you looking for?

News

ရဲတံခွန်စီမံကိန်းမှ အမြတ်နည်း၍ မစ်ဆူဘစ်ရှီနှုတ်ထွက်ခြင်းအ​ပေါ် JFMနှင့် FoEသတိနှင့်ကြိုဆို

ထိုသို့ထွက်ခွာခြင်းကြောင့် စီမံကန်းနှင့် ဆက်နွှယ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နောက်ဆက်တွဲ မဖြစ်ပွား​​အောင်ကာကွယ်ရန်လည်း မစ်ဆူဘီရှီကို FoE Japan
နှင့်JFMတို့က တောင်းဆိုထားသည်။

မြန်မာနိုင်ငံရှိ ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းကအမြတ်အစွန်းနည်းပါးလာ၍ နှုတ်ထွက်ရန် မစ်ဆူဘီရှီကော်ပိုရေးရှင်း၏ ကြေညာချက်အပေါ် သတိကြီးစွာဖြင့် ကြိုဆိုကြောင်း Friends of the Earth Japan (FoE Japan) နှင့် Justice For Myanmar (JFM) တို့ကထုတ်ပြန်ကြေညာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးအခြေအနေများပြောင်းလဲလာပြီး အမြတ်အစွန်းကျဆင်းလာခြင်းကြောင့် နုတ်ထွက်ရခြင်းဖြစ်သည်ဟု ဂျပန် မစ်ဆူဘီရှီကော်ပရေးရှင်းကထားသည်။

ထိုသို့ထွက်ခွာခြင်းကြောင့် စီမံကန်းနှင့် ဆက်နွှယ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နောက်ဆက်တွဲ မဖြစ်ပွား​​အောင်ကာကွယ်ရန်လည်း မစ်ဆူဘီရှီကို FoE Japan
နှင့်JFMတို့က တောင်းဆိုထားသည်။

မစ်ဆူဘီရှီ ကော်ပရေးရှင်းအနေဖြင့် ရဲတံခွန်မှရရှိသောအခွန်များကို အကြမ်းဖက်စစ်ကောင်စီ မပေးဆောင်ရန် နှင့် ယင်းငွေများဖြင့် လက်နက်များမဝယ်ရန် လုပ်ဆောင်ရန်လည်းတာဝန်ရှိသည်ဟုလည်း ၎င်းတို့က​ပြောသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဒီဇင်ဘာလတွင် Justice For Myanmar ကထုတ်ဝေသော စာရွက်စာတမ်းများတွင် ရဲတံခွန်စီမံကိန်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ ခြောက်လအတွင်း စစ်ကောင်စီက ဒေါ်လာ ၂၂ ဒသမ ၃၇ သန်း ရရှိမည်ဖြစ်သည်ဟုလည်းဆိုထားသည်။ ထိုစီမံကိန်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် မစ်ဆူဘီရှီနှင့်အတူ အခြားလုပ်ဖော်ကိုင်ဖက်များ ပူးပေါင်းပါဝင်သည့် စီမံကိန်းဖြစ်သည်။

ဂျပန်ကော်ပိုရေးရှင်းက ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှ ၎င်း၏ရှယ်ယာများကို ရောင်းချရန်လည်းဆွေးနွေးနေပြီဟုလည်းဆိုထားသည်။

မစ်ဆူဗစ်ရှီကော်ပရေးရှင်းသည် ဂျပန်အစိုးရနှင့် JX Nippon Oil & Gas Explorationတို့နှင့်အတူ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်။

ရဲတံခွန်စီမံကိန်းသည် မလေးရှားအစိုးရပိုင် Petronasကုမ္ပဏီက ရှယ်ဘာ ၄၀ ဒသမ ၉ရာခိုင်နှုန်း၊ MOGEက ရှယ်ယာ ၂၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဂျပန် ဖက်စပ်လုပ်ငန်းစုက ရှယ်ယာ ၁၉ ဒသမ ၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ရဲတံခွန်စီမံကိန်းကို ၂၀၀၃ခုနှစ်တွင် စတင်ခဲ့ပြီး နည်းပညာနှင့် အရင်းအမြစ်အခက်အခဲများကြောင့် ဓာတ်ငွေ့အထွက်နည်းလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။