Connect with us

Hi, what are you looking for?

News

လေးကေကော် တကျော့ပြန်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေပါရှိနေ

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလူးကြီးကျေးရွာက ရွာသားတစ်ဦး သေဆုံးသွားခဲ့ပြီး ဘုရားကျောင်းအပါအဝင် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်း KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသအနီးမှာ တကျော့ပြန် စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံတွေ ထပ်မံစစ်ဘေးရှောင်နေရပြီး ထိခိုက်သေဆုံးမှုတွေရှိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

လေးကေကော်ဒေသအတွင်းက ဖလူးကြီးကျေးရွာဘက်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့လို့ လေယာဉ်နဲ့လာရောက်တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလူးကြီးကျေးရွာက ရွာသားတစ်ဦး သေဆုံးသွားခဲ့ပြီး ဘုရားကျောင်းအပါအဝင် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်း KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

“စစ်ပြေးရှောင်ရဲ့အရေအတွက်ကျတော့ အတိအကျတော့ ပြောလို့မရသေးဘူး။ အခုလက်ရှိအချိန်မှာတော့ သူတို့က ကမ်းနံဘေးမှာပေ့ါ မြန်မာဘက်ခြမ်းကမ်းနံဘေးမှာတော့ ရာထောင်ချီတော့ရှိနေသေးတယ်။ ကျေးရွာလေးငါးဆယ်ရွာလောက်တော့ ပြေးနေရတယ်” လို့ KHRG က ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်နေခဲ့ရတဲ့ ဒေသခံရွာသားတွေဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာအပါအဝင် ရာသီဥတုဒဏ်ကြောင့် စစ်ဘေးရှောင်တချို့ ဖျားနာမှုတွေ ကြုံတွေ့ခဲ့ရပြီး ဆေးဝါးအထောက်အပံ့တွေလည်း လိုအပ်လျက်ရှိနေတယ်လို့ စောနန္ဒဆူးက ပြောပါတယ်။

” သောင်ရင်းမြစ်ကလည်း သိတဲ့အတိုင်းပဲ။ မိုးနည်းနည်းကြီးတာနဲ့က ရေကြီးတာပေါ့နော်။ အဲ့လိုမျိုးဆိုတော့ မိုးမလုံတာတို့ဘာတို့ ကြုံတွေ့ရတယ်။ အဲ့ဒါကြောင့်မို့လို့ အမိုးအကာအလုံအလောက်တော့ လိုအပ်တယ်။ ရာသီဥတုဒဏ်ခံနေရတဲ့ ပြည်သူတွေကကျတော့ တချို့ ဖျားနာမှုတွေကြုံတွေ့ရတာမျိုးတော့ ရှိတာပေါ့နော်” လို့ စောနန္ဒဆူးက ပြောပါတယ်။

နှစ်လာတာကြာမြင့်ပြီးတဲ့ လေးကေကော်ဒေသအတွင်းက ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခအခြေအနေတွေကြောင့် တိမ်းရှောင်နေခဲ့ရတဲ့ ဒေသခံအရပ်သားပြည်သူတွေဟာ လက်ရှိအခြေအနေအရ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာမို့ နေရပ်ပြန်နိုင်ဖို့က အဆင်မပြေနိုင်သေးဘူးလို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။