Connect with us

Hi, what are you looking for?

News

မြောင်တွင် စစ်​ကောင်စီတပ်ကပြည်သူအ​ယောင်​ဆောင်ပြီးသူလျှို​ ၁၁ဦး​စေလွှတ်ထား၍သတိထားကြရန် CDSOMထုတ်ပြန်

ညီနောင်မဟာမိတ်များ နှင့် ပြည်သူများအနေဖြင့် မိမိအနီးပတ်ဝန်းကျင်တွင် ရောက်ရှိနေသည့် မျက်နှာစိမ်းများကို သေချာစောင့်ကြည့်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့များကို သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေးဖို့လည်း CDSOM မှထပ်မံနှိုးဆော်သည်။

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်တွင်အရပ်သားပြည်သူအယောင်ဆောင်ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှသူလျှို၁၁ ဦးစေလွှတ်ထား၍ ပြည်သူများသတိထားကြရန်မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)ယ​နေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည်စစ်ကိုင်းတိုင်းအတွင်းသို့ အရပ်သားပြည်သူအယောင်ဆောင် သူလျှိုများစေလွှတ်ထားသ​ည်ဟုသိရှိရကြောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မြောင်မြို့နယ်အတွင်းသို့ အရပ်သားပြည်သူအယောင်ဆောင်ပြီး အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ဦးရောက်ရှိ
နေသည်ဟုသိရကြောင်းထုတ်ပြန်ထားသည်။ထိုအပြင်ယခင်စေလွှတ်ထားသည့် သူလျှို (၃)ဦးထဲမှ (၁)ဦးအား စစ်တပ်၏ လက်မှတ်အပြည့်အစုံဖြင့် CDSOM မှ ဖမ်းဆီးရမိကာ စစ်ဆေးချက်များယူပြီး ထိန်းသိမ်းထားကြောင်း၊ သူလျှိုကတိများဖောက်ဖျက်ပြီး ထွက်ပြေးသည့်အတွက်ဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်းလုပ်ဆောင်ပေးလိုက်ရကြောင်းမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ကထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်များ နှင့် ပြည်သူများအနေဖြင့် မိမိအနီးပတ်ဝန်းကျင်တွင် ရောက်ရှိနေသည့် မျက်နှာစိမ်းများကို သေချာစောင့်ကြည့်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့များကို သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေးဖို့လည်း CDSOM မှထပ်မံနှိုးဆော်သည်။

မိဘပြည်သူများအားလုံး ပါဝင်ရမည့်အခြေအနေဖြစ်သည့်အတွက် ရပ်ရွာအတွင်း မျက်နှာစိမ်းများ တွေ့ရှိပါက အထူးသတိရှိကြရန်နှင့် page messenger သို့ လာရောက်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook