Connect with us

Hi, what are you looking for?

News

တရုတ်၊ ရုရှားနဲ့ ဆားဘီးယားတို့ စစ်ကောင်စီကို လက်နက်ထောက်ပံ့နေ

အဲဒီသုံးနိုင်ငံဟာ စစ်တပ်ကို လက်နက်ရောင်းချရာမှာ တိုက်လေယာဉ်တွေ ၊ သံချပ်ကာယာဉ်တွေ ၊ အမြှောက်တွေနဲ့ ရော့ကတ်လောင်ချာတွေ ပါဝင်တယ်လို့ တွန်အန်ဒရူးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူတွေ့ရတဲ့ ဆားဘီးယားထုတ် Nora B-52 ဟောင်ဝစ်ဇာအမြှောက်

တရုတ် ၊ရုရှားနဲ့ ဆားဘီးယားနိုင်ငံတွေဟာ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွန်အန်ဒရူးက ပြောလိုက်ပါတယ်။

အဲဒီသုံးနိုင်ငံဟာ စစ်တပ်ကို လက်နက်ရောင်းချရာမှာ တိုက်လေယာဉ်တွေ ၊ သံချပ်ကာယာဉ်တွေ ၊ အမြှောက်တွေနဲ့ ရော့ကတ်လောင်ချာတွေ ပါဝင်တယ်လို့ တွန်အန်ဒရူးက ဆိုပါတယ်။

လူထုကို ဖိနှိပ်ရာမှာ စစ်ကောင်စီက ဒီလက်နက်တွေ သုံးစွဲတယ်လို့လည်း ပြောပါသေးတယ်။

ဒါကြောင့် စစ်ကောင်စီထံလက်နက်စီးဆင်းမှုကိုဖြတ်တောက်ဖို့အတွက် ဆုံးဖြတ်မှုတစ်ခု ကုလလုံခြုံရေးကောင်စီမှာ လုပ်ဆောင်ဖို့ တွန်အန်ဒရူူးကတိုက်တွန်းလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook