Connect with us

Hi, what are you looking for?

News

ဖားကန့် ကာမိုင်း စစ်ကောင်စီဂိတ်ကို KIAနှင့် PDF တိုက်ခိုက်

“ကာမိုင်းဂိတ်မှာဖြစ်တာ။ မနက် ၆နာရီခွဲကနေ စတာ။ KIAနဲ့PDFက သွားပစ်တာပေါ့။ အထိအခိုက်တွေတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ရှိ စစ်ကောင်စီဂိတ်တစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကာမိုင်းဂိတ်မှာဖြစ်တာ။ မနက် ၆နာရီခွဲကနေ စတာ။ KIAနဲ့PDFက သွားပစ်တာပေါ့။ အထိအခိုက်တွေတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

KIA ၏ စစ်ရေသတင်းများ ပုံမှန်ဖော်ပြလေ့ရှိသည့် ကချင်သတင်းရင်းမြစ်အချို့က ကာမိုင်းဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု ရေးသားထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“အဲဒီမှာ ဆိုင်ကယ်တို့ ကားတို့ကို သူတို့က နည်းနည်းခြိမ်းခြောက်တာတို့ ရပ်ခိုင်းပြီး လမ်းလျှောက်ခိုင်းတာ အဲဒီလိုမျိုးလုပ်တာလေ။ နောက်ပြီးမှ ပိုက်ဆံတောင်းတာ ဘာညာ လုပ်တာ။ အဲဒါသွားဆုံးမတာ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

KIA/PDF ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်း၊ ဂိတ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ဖေဖော်ဝါရီ ၁ရက်မှစ၍ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဖားကန့်၊ ပူတာအို ၊ မံစီ၊ မိုးညှင်း၊ ဆွမ်ပရာဘွမ်စသည့် ဒေသများ၌ တိုက်ပွဲများ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။