Connect with us

Hi, what are you looking for?

News

လှိုင်သာယာအရှေ့ပိုင်း ရဲစခန်းနှင့် စည်ပင်ရုံးသုံးကြိမ်ဗုံးခွဲတိုက်ခိုက်ခံရ

ယနေ့နံနက် ၁၁ နာရီ ၁၅ခန့်တွင် လှိုင်သာယာရုံးရှေ့မှတ်တိုင်အနီး မြို့မရဲစခန်းမျက်နှာစာရှေ့၌ ဗုံးဖောက်ခွဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အရှေ့ပိုင်းရဲစခန်းနှင့် စည်ပင်ရုံးတို့ကို သုံးကြိမ်ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ From Zero to Hero (ZTH)အဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၅)ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီ ၁၅ခန့်တွင် လှိုင်သာယာရုံးရှေ့မှတ်တိုင်အနီး မြို့မရဲစခန်းမျက်နှာစာရှေ့၌ ဗုံးဖောက်ခွဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Public Service Announcement

ထို့အပြင် နောက်ထပ်ဗုံးတစ်လုံးအား အဓိကပစ်မှတ်အဖြစ်ထားပြီး ဖောက်ခွဲတိုက်ခိုက်ရန်စဥ်ခဲ့ရာ ပြည်သူများအသွားအလာရှိသဖြင့် နေ့လယ် ၁၂ နာရီခန့်တွင် နေရာပြောင်း ဖောက်ခွဲခဲ့ရကြောင်း ZTH အဖွဲ့က အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ပေါက်ကွဲသံကြားပါက ယင်းနေရာနှင့်အဝေးသို့ရှောင်ရှားပေးရန်၊ စူးစမ်းမှုမပြုလုပ်ရန်နှင့် ပေါက်ကွဲမှုဆက်တိုက်ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်ရှောင်ရှားရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။