Connect with us

Hi, what are you looking for?

News

KIA တိုက်ခိုက်ခဲ့သည့် ကာမိုင်းလမ်းဆုံ စစ်ဆေးရေးဂိတ် စစ်ကောင်စီတပ် ရုတ်သိမ်း

“ကာမိုင်းလမ်းဆုံကဂိတ်။ ဘယ်လိုလဲမသိဘူး။ သူများပြောတာတော့ လွတ်လွတ်လပ် လပ်သွားလို့ရပြီလို့ပြောတယ်။ ဟိုတစ်နေ့က တိုက်ပွဲဖြစ်တာက အဲဒီဂိတ်မှာပဲ” ဟု လဝါးဒေသခံက ပြောသည်။

(စစ်​ကောင်စီတပ် ရုတ်သိပ်းသွားသည့် စစ်​ဆေး​ရေးဂိတ်ကို ​တွေ့ရစဥ် ၊ ဓာတ်ပုံ - Kachinwaves)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီးရှိ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းသွား၍ ပြည်သူလူထုများ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကာမိုင်းလမ်းဆုံကဂိတ်။ ဘယ်လိုလဲမသိဘူး။ သူများပြောတာတော့ လွတ်လွတ်လပ် လပ်သွားလို့ရပြီလို့ပြောတယ်။ ဟိုတစ်နေ့က တိုက်ပွဲဖြစ်တာက အဲဒီဂိတ်မှာပဲ” ဟု လဝါးဒေသခံက ပြောသည်။

အခြားကချင်ဒေသခံတစ်ဦးကလည်း ကာမိုင်းစစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူလူထုများအား စစ်ဆေးမှုတင်းကြပ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများကြောင့် KIAက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။

ကာမိုင်း – လဝါးလမ်းဆုံမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖေဖော်ဝါရီ ၂၅ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ရက်မှစ၍ တပ်ဆုတ်သွားခြင်းဖြစ်သည်ဟု Kachinwaves သတင်းဌာနက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။