Connect with us

Hi, what are you looking for?

LuduNwayOo

News

KIA တိုက်ခိုက်ခဲ့သည့် ကာမိုင်းလမ်းဆုံ စစ်ဆေးရေးဂိတ် စစ်ကောင်စီတပ် ရုတ်သိမ်း

“ကာမိုင်းလမ်းဆုံကဂိတ်။ ဘယ်လိုလဲမသိဘူး။ သူများပြောတာတော့ လွတ်လွတ်လပ် လပ်သွားလို့ရပြီလို့ပြောတယ်။ ဟိုတစ်နေ့က တိုက်ပွဲဖြစ်တာက အဲဒီဂိတ်မှာပဲ” ဟု လဝါးဒေသခံက ပြောသည်။

(စစ်​ကောင်စီတပ် ရုတ်သိပ်းသွားသည့် စစ်​ဆေး​ရေးဂိတ်ကို ​တွေ့ရစဥ် ၊ ဓာတ်ပုံ - Kachinwaves)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီးရှိ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းသွား၍ ပြည်သူလူထုများ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကာမိုင်းလမ်းဆုံကဂိတ်။ ဘယ်လိုလဲမသိဘူး။ သူများပြောတာတော့ လွတ်လွတ်လပ် လပ်သွားလို့ရပြီလို့ပြောတယ်။ ဟိုတစ်နေ့က တိုက်ပွဲဖြစ်တာက အဲဒီဂိတ်မှာပဲ” ဟု လဝါးဒေသခံက ပြောသည်။

အခြားကချင်ဒေသခံတစ်ဦးကလည်း ကာမိုင်းစစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူလူထုများအား စစ်ဆေးမှုတင်းကြပ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများကြောင့် KIAက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။

ကာမိုင်း – လဝါးလမ်းဆုံမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖေဖော်ဝါရီ ၂၅ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ရက်မှစ၍ တပ်ဆုတ်သွားခြင်းဖြစ်သည်ဟု Kachinwaves သတင်းဌာနက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။