Connect with us

Hi, what are you looking for?

News

စစ်ရေးတင်းမာနေတာကြောင့် မြို့ခံတွေပါ ဖာပွန်မြို့ကို စွန့်ခွာနေရ

ဖာပွန်မြို့အနီးမှာ လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်သံတွေဟာ နေ့စဉ် လိုလို ကြားနေရတယ်လို့သိရပါတယ်။

ဖာပွန်မြို့တွင်းတစ်နေရာကိုတွေ့ရစဉ်

ဖာပွန်ဒေသကနေ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ ထွက်ခွာကြဖို့ KNU က သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်းမှာ စစ်ရေးပြင်းထန်လာတာကြောင့် မြို့ခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဖာပွန်ဟာ KNU တပ်မဟာ ၅ နယ်မြေထဲပါဝင်ပြီး အဲဒီဒေသကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တာတွေရှိနေပါတယ်။

ဖာပွန်မြို့အနီးမှာ လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်သံတွေဟာ နေ့စဉ် လိုလို ကြားနေရတယ်လို့သိရပါတယ်။

ဒါအပြင် ပစ်ခတ်မှုတွေကြောင့် မြို့ခံတွေထိခိုက်ဒဏ်ရာရမှုလည်းရှိနေပါတယ်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီးတွေရော လက်နက်လေးတွေရော တစ်ချိန်လုံးညအိပ်ရင်လည်း အဲ့လိုဖြစ်နေတော့ ကြာလာတော့မနေရဲတော့ဘူးပေါ့နော်။ တကယ်ကိုမနေရဲတော့ဘူး” လို့ဖာပွန်မြို့ခံတစ်ဦးက မြေပြင်အခြေအနေကိုပြောပြပါတယ်။

Public Service Announcement

ဖာပွန်မှာ စစ်ကောင်စီယန္တယား ရပ်ပစ်နိုင်ဖို့ဝန်ထမ်းတွေ မြို့ကနေ ထွက်ခွာပေးဖို့ KNU တပ်မဟာ ၅ က ထုတ်ပြန်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေနဲ့စစ်ရေးပိုတင်းမာလာတာပါ။

ဒီလို တင်းမာချိန်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဟာ စစ်အင်အားတိုးချဲ့တာလည်းရှိနေတယ်လို့သိရပါတယ်။

လက်ရှိ ဖာပွန်မြို့အခြေအနေကတော့ ဝန်ထမ်းတွေရော မြို့ခံတွေပါ စွန်ခွာ ကြတာကြောင့် မြို့ဟာ တိတ်ဆိတ်ခြောက်ကပ်လို့နေတယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးဖုန်းလိုင်းလည်း ပြတ်တောက်တာတွေရှိနေတယ်လို့ ဖာပွန်ကနေ တိမ်းရှောင်လာသူတွေက လူထုနွေဦးသတင်းဌာနကိုပြောပြကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၀ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း ဖာပွန်ခရိုင် ဒွယ်လိုးနဲ့ လူသောမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူလေးဦး သေဆုံးခဲ့ရပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU က ထုတ်ပြန်ထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။