Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် စစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်ကို ပ​ဒေသာမိုင်းဖြင့်တိုက်ခိုက်ရာထိခိုက်​သေဆုံးမှုများနိုင်

ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်က အပြစ်မဲ့ ပြည်သူတစ်ဦးအားဖမ်းဆီးသွားကြောင်း N-YSOပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အားပဒေသာမိုင်း​ဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်​သေဆုံးမှုများနိုင်ကြောင်း N-YSOပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီလ၂၈ရက်) နံနက် (၁၁)နာရီခန့်က PDFများတောထဲမှာရှိသည်ဟု ဒလန်သတင်းပေးသောကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်ကားသုံးစီး၊ အင်အားငါးဆယ်ခန်ဖြင့် ကားများ၊ ခြေလျင်စစ်ကြောင်းများဖြင့် စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားအချို့သည် ကားနားတွင်စောင့်နေပြီး ၎င်းတို့ကားသည်မိုင်းပွိုင့်ပေါ်တွင်ရပ်ထားမိလျက်သား ဖြစ်နေကြောင်း၊ ၎င်းတို့က “သတ္တိရှိလျှင်ထွက်ခဲ့” ဟု စိန်ခေါ်လျက် အော်ဟစ်ဆဲဆိုခဲ့ကြသည်ဟု N-YSOပြောက်ကျားတပ်ဖွဲ့ ထြတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

၎င်းတို့အား N-YSOပြောက်ကျားတပ်ဖွဲ့၊Chaung U PDFနှင့် ငဘ ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တို့ကပဒေသာမိုင်းအတွဲလိုက်ဖြင့် ဖောက်ခွဲ၍ ခုခံတိုက်ခိုက်ခဲ့ရာ ငါးယောက်သည် အထက်သို့မြောက်တက်သွားခဲ့ပြီး ဖောကားမှာခေါင်းပိုင်း စုတ်ပြတ်သွားကြောင်း၊ အထိခိုက်များနိုင်ပြီး အသေစာရင်းအတိအကျမသိရသေးကြောင်း N-YSOပြောက်ကျားတပ်ဖွဲ့က ပြောသည်။

“ဖြစ်တာကတော့ ပခုက္ကူ-ရေစကြို-ချောင်းဦး လမ်းမကြီးပေါ်မှာပါ။ တကယ်ဆို ဒီနေ့လို ​ကေစ်(ဖြစ်ရပ်)မျိုးဆို စစ်ကြောင်းနှစ်ခုကြားမှာ ညှပ်သွားခဲ့တာဗျ။ မလွတ်ရင် ကျွန်တော်တို့ ကိုယ့်မိုင်းနဲ့ကို အဆုံးစီရင်ဖို့တွေးပြီး လုပ်ခဲ့ရတာဗျ။ အဓိကကတော့ ကျွန်တော်တို့မှာ သူတို့နဲ့ ယှဥ်ဖိုက်နိုင်တဲ့ လက်နက် မရှိသေးတော့ ရှိတာနဲ့ လုပ်နေရတာပေါ့။ ဒါကိုလဲ NUG အနေနဲ့မြေပြင်က အဖွဲ့အစည်းတွေကို တတ်နိုင်သလောက် မြန်ဆန်တဲ့ ကူညီမှု့တွေ ပေးပါလို့တော့ပြောချင်ပါတယ်။”ဟု N-YSOပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်က အပြစ်မဲ့ ပြည်သူတစ်ဦးအားဖမ်းဆီးသွားကြောင်း N-YSOပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

ဖေဖော်ဝါရီ (၂၅)ရက် ၊ ညပိုင်းကလည်း ချောင်းဦး-ရေစကြို-ပခုက္ကူ လမ်းမကြီးပေါ်သို့ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးအား N-YSO ပြောက်ကျားတပ်ဖွဲ့၊ ငဘ ဒေသကာကွယ်ရေးပြောက်ကျားတပ်တို့ကပဒေသာမိုင်းဖြင့် ဖောက်ခွဲကာခုခံတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။