Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကိုင်းမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ​ရောင်းချခြင်းနှင့် သစ်​မှောင်ခိုကားများ ​တွေ့ရှိပါက ပြင်းထန်စွာအ​ရေးယူမည်ဟု ​ဒေသကာကွယ်​ရေးတပ်များ သတိ​ပေး

လုပ်ငန်းရှင်များအနေဖြင့် စတိုးဆိုင် နှင့်စားသောက်ဆိုင်များ၌ မြန်မာဘီယာနှင့် အခြားသောစစ်တပ်ထုတ်ကုန်များကို ဆက်လက်ရောင်းချနေမည်ဆိုပါက အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်အဖြစ်သတ်မှတ်မည်ဟုလည်း ဒေသခံတပ်ဖွဲ့ Dragon Kingက သတိပေးသည်။

(စစ်တပ်ထုတ်ကုန်တစ်ခုဖြစ်​သော မြန်မာဘီယာကိုဘ​ရောင်းဝယ်ခြင်းမပြုရန် ဆန္ဒပြ​တောင်းဆို​နေစဥ်)

စစ်ကိုင်းမြို့နယ်အတွင်း မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များရောင်းချခြင်းနှင့် သစ်မှောင်ခိုကားများတွေ့ရှိလျှင် ပြင်းပြင်း ထန်ထန်အရေးယူမည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတိ​ပေး ထုတ်ပြန် သည်။

လုပ်ငန်းရှင်များအနေဖြင့် စတိုးဆိုင် နှင့်စားသောက်ဆိုင်များ၌ မြန်မာဘီယာနှင့် အခြားသောစစ်တပ်ထုတ်ကုန်များကို ဆက်လက်ရောင်းချနေမည်ဆိုပါက အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်အဖြစ်သတ်မှတ်မည်ဟုလည်း ဒေသခံတပ်ဖွဲ့ Dragon Kingက သတိပေးသည်။

အလားတူ စစ်ကိုင်းမြို့နယ်နှင့် ခရိုင်ချင်းဆက် လမ်းမများမှတစ်ဆင့် တရားမဝင်သစ်များ တင်ဆောင်နေသည်ကို တွေ့ရှိလာရသည့်အတွက် အရေးယူတားဆီးမည်ဖြစ်ကာ ပြင်းထန်စွာအရေးယူမည်ဟု နဂါးနီ နယ်စီးမခြား ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“မယ်ဇလီချောင်းဘက်ကနေ စစ်ကိုင်းထဲကို သစ်က တန်ရာနဲ့ချီပြီး ထွက်နေတာ ။စစ်ခွေးသူခိုးတွေနဲ့ ပေါင်းလုပ်နေတယ်လို့ သိရတယ်။ဒီကိစ္စတွေကို ထိန်းသိမ်းဖို့က ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာတာဝန်ရှိတယ်။ဒါကြောင့် ကြိုသတိပေးတာ”ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကိုင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများနှင့် လက်ပါးစေများကို စာရင်းပြုစုထားပြီး အမြန်ဆုံးနှုတ်ထွက်ရန်လည်း Dragon King က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီးအင်အားအတန်အသင့်ရှိသည့် စစ်ကိုင်းမြို့တွင် မကြာသေးမီရက်ပိုင်းက ဒေသခံပြည်သူများထံသို့ PDF အမည်ခံ၍ ခြိမ်းခြောက် ငွေညစ်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

ဒီပဲယင်းနှင့် ပုလဲနယ်စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

ပုလဲမြို့နယ်တွင် ကာလရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် နောက်‌​ကြောင်းပြန်ခေါက်လာပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ဦးတည်နေကြောင်း သိရသည်။