Connect with us

Hi, what are you looking for?

News

စစ်ကိုင်းမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ​ရောင်းချခြင်းနှင့် သစ်​မှောင်ခိုကားများ ​တွေ့ရှိပါက ပြင်းထန်စွာအ​ရေးယူမည်ဟု ​ဒေသကာကွယ်​ရေးတပ်များ သတိ​ပေး

လုပ်ငန်းရှင်များအနေဖြင့် စတိုးဆိုင် နှင့်စားသောက်ဆိုင်များ၌ မြန်မာဘီယာနှင့် အခြားသောစစ်တပ်ထုတ်ကုန်များကို ဆက်လက်ရောင်းချနေမည်ဆိုပါက အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်အဖြစ်သတ်မှတ်မည်ဟုလည်း ဒေသခံတပ်ဖွဲ့ Dragon Kingက သတိပေးသည်။

(စစ်တပ်ထုတ်ကုန်တစ်ခုဖြစ်​သော မြန်မာဘီယာကိုဘ​ရောင်းဝယ်ခြင်းမပြုရန် ဆန္ဒပြ​တောင်းဆို​နေစဥ်)

စစ်ကိုင်းမြို့နယ်အတွင်း မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များရောင်းချခြင်းနှင့် သစ်မှောင်ခိုကားများတွေ့ရှိလျှင် ပြင်းပြင်း ထန်ထန်အရေးယူမည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတိ​ပေး ထုတ်ပြန် သည်။

လုပ်ငန်းရှင်များအနေဖြင့် စတိုးဆိုင် နှင့်စားသောက်ဆိုင်များ၌ မြန်မာဘီယာနှင့် အခြားသောစစ်တပ်ထုတ်ကုန်များကို ဆက်လက်ရောင်းချနေမည်ဆိုပါက အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်အဖြစ်သတ်မှတ်မည်ဟုလည်း ဒေသခံတပ်ဖွဲ့ Dragon Kingက သတိပေးသည်။

အလားတူ စစ်ကိုင်းမြို့နယ်နှင့် ခရိုင်ချင်းဆက် လမ်းမများမှတစ်ဆင့် တရားမဝင်သစ်များ တင်ဆောင်နေသည်ကို တွေ့ရှိလာရသည့်အတွက် အရေးယူတားဆီးမည်ဖြစ်ကာ ပြင်းထန်စွာအရေးယူမည်ဟု နဂါးနီ နယ်စီးမခြား ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“မယ်ဇလီချောင်းဘက်ကနေ စစ်ကိုင်းထဲကို သစ်က တန်ရာနဲ့ချီပြီး ထွက်နေတာ ။စစ်ခွေးသူခိုးတွေနဲ့ ပေါင်းလုပ်နေတယ်လို့ သိရတယ်။ဒီကိစ္စတွေကို ထိန်းသိမ်းဖို့က ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာတာဝန်ရှိတယ်။ဒါကြောင့် ကြိုသတိပေးတာ”ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကိုင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများနှင့် လက်ပါးစေများကို စာရင်းပြုစုထားပြီး အမြန်ဆုံးနှုတ်ထွက်ရန်လည်း Dragon King က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီးအင်အားအတန်အသင့်ရှိသည့် စစ်ကိုင်းမြို့တွင် မကြာသေးမီရက်ပိုင်းက ဒေသခံပြည်သူများထံသို့ PDF အမည်ခံ၍ ခြိမ်းခြောက် ငွေညစ်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။