Connect with us

Hi, what are you looking for?

News

ပြည်သူအချင်းချင်း မျှဝေခြင်းဖြင့် ရိက္ခာပြတ်လပ်မှုကို ကြားကန်ရန်အပါအဝင် စားနပ်ရိက္ခာဆိုင်ရာ စီမံမှု ပန်ကြားလွှာ KSCC ထုတ်ပြန်

ဆန်ရေစပါး အမျးအပြားအသုံးပြုရသည့် မည်သည့် မွေးမြူရေးလုပ်ငန်းနှင့် သရေစာထုတ်ကုန်လုပ်ငန်းများအား ရပ်ဆိုင်းရန် အထူးပန်ကြားလိုကြောင်း KSCCက ထုတ်ပြန်သည်။

(ဒီး​မော့ဆိုမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

▪️​​ထောက်ပံ့မှု ပိုမို​လျော့နည်းလာဟုဆို

ပြည်သူအချင်းချင်းမျှဝေမှုဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြားကန်ပေးရန်အပါအဝင် စားနပ်ရိက္ခာဆိုင်ရာ စီမံမှု အထူးပန်ကြားလွှာကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့ ထုတ်ပြန်လိုက်သည်။

ကရင်နီပြည်နယ်အတွင်း ၂၀၂၁ မေလမှစ၍ တိုက်ပွဲများဖြစ်ခဲ့ပြီးနောက် လူဦးရေ ၁၇၀,၀၀၀ ထက်မနည်းသော ပြည်သူများ စစ်ဘေးရှောင်ဘ၀အဖြစ် ထွက်ပြေး ခိုလှုံလျက်ရှိနေသည်။

ထို အခြေအနေတွင် လူသားချင်းဆိုင်ရာ စာနာထောက် ထားမှု လွှမ်းခြုံနိုင်မှု ယခင်ကာလထက် ပိုမိုကြပ်တည်းလာသည့်အပြင် ၂၀၂၂ နှစ်ဦးပိုင်းကာလ ထောက်ပံ့မှုများ ပိုမိုလျော့နည်းလာသည်ကို တွေ့ရှိရ၍ KSCC က စားနပ်ရိက္ခာဆိုင်ရာ အစီအမံအတွက် အကြံပြုချက်များအား လိုက်နာရန်ပန်ကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စားနပ်ရိက္ခာ စာရင်းများ ပြုစုထားရန်နှင့် ဆန်၊ စပါး၊ ပြောင်းနှင့် ပဲအမျိုးမျိုးတို့အား စနစ်တကျ စုဆောင်းသိုလှောင်ထားရန်၊ မိသားစုဝင်များအတွက် သုံးရက်စာ ဆန်၊ ဆီ၊ ဆားနှင့် အခြေခံဆေးဝါးများအား စနစ်တကျ ထုတ်ပိုး စုဆောင်းထာရန်တို့ကို ပြည်သူလူထုနှင့် စစ်ဘေးရှောင် ပြည်သူများ အထူးသတိပြု လိုက်နာရန် KSCCက ပန်ကြားသည်။

ပြည်သူလူထု အချင်းချင်းအပြန်အလှန် မျှဝေကူညီမှုဖြင့် ကနဦး စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြားခံပေးရန်၊ စားနပ်ရိက္ခာ ပြတ်တောက်ပါက နီးစပ်ရာ ကျေးရွာကော်မတီနှင့် စစ်ဘေးရှောင် စခန်းကော်မတီများထံ ချက်ခြင်း အကြောင်းကြားရန် ၊ သက်ကြီးရွယ်အို နာမကျန်းလူနာ၊ ၁၆နှစ်အောက် ကလေးငယ်များ ကိုယ်ဝန် ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို ဦးစားပေးရန် ပန်ကြားထားသည်။

ဆန်ရေစပါး အမျးအပြားအသုံးပြုရသည့် မည်သည့် မွေးမြူရေးလုပ်ငန်းနှင့် သရေစာထုတ်ကုန်လုပ်ငန်းများအား ရပ်ဆိုင်းရန် အထူးပန်ကြားလိုကြောင်း KSCCက ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူများအစုသည် မိမိတို့၏ နေအိမ်ကျေးရွာများမှ အလျှင်စလို စွန့်ခွာ ထွက်ပြေးရသဖြင့် စားနပ်ရိက္ခာနှင့် အိမ်သုံးပစ္စည်း အနည်းငယ်သာ ယူဆောင်နိုင်ခဲ့ကြောင်း၊ စစ်ဘေးရှောင် ပြည်သူ အများစုသည် စားနပ်ရိက္ခာ အနည်းငယ်နှင့် ယာယီ စစ်ရှောင်စခန်းများတွင် ရပ်တည်နေကြရကြောင်းနှင့် ပြည်သူလူထု အချင်းချင်း အချိန်ကာလ အတန်ကြာသည်အထိ ရိုင်းပင်းပံံ့ပိုးကူညီကြသည်ကိုလည်းသိရှိဂုဏ်ယူအပ်ကြောင်း KSCCက ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

Facebook