Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူအချင်းချင်း မျှဝေခြင်းဖြင့် ရိက္ခာပြတ်လပ်မှုကို ကြားကန်ရန်အပါအဝင် စားနပ်ရိက္ခာဆိုင်ရာ စီမံမှု ပန်ကြားလွှာ KSCC ထုတ်ပြန်

ဆန်ရေစပါး အမျးအပြားအသုံးပြုရသည့် မည်သည့် မွေးမြူရေးလုပ်ငန်းနှင့် သရေစာထုတ်ကုန်လုပ်ငန်းများအား ရပ်ဆိုင်းရန် အထူးပန်ကြားလိုကြောင်း KSCCက ထုတ်ပြန်သည်။

(ဒီး​မော့ဆိုမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

▪️​​ထောက်ပံ့မှု ပိုမို​လျော့နည်းလာဟုဆို

ပြည်သူအချင်းချင်းမျှဝေမှုဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြားကန်ပေးရန်အပါအဝင် စားနပ်ရိက္ခာဆိုင်ရာ စီမံမှု အထူးပန်ကြားလွှာကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့ ထုတ်ပြန်လိုက်သည်။

ကရင်နီပြည်နယ်အတွင်း ၂၀၂၁ မေလမှစ၍ တိုက်ပွဲများဖြစ်ခဲ့ပြီးနောက် လူဦးရေ ၁၇၀,၀၀၀ ထက်မနည်းသော ပြည်သူများ စစ်ဘေးရှောင်ဘ၀အဖြစ် ထွက်ပြေး ခိုလှုံလျက်ရှိနေသည်။

ထို အခြေအနေတွင် လူသားချင်းဆိုင်ရာ စာနာထောက် ထားမှု လွှမ်းခြုံနိုင်မှု ယခင်ကာလထက် ပိုမိုကြပ်တည်းလာသည့်အပြင် ၂၀၂၂ နှစ်ဦးပိုင်းကာလ ထောက်ပံ့မှုများ ပိုမိုလျော့နည်းလာသည်ကို တွေ့ရှိရ၍ KSCC က စားနပ်ရိက္ခာဆိုင်ရာ အစီအမံအတွက် အကြံပြုချက်များအား လိုက်နာရန်ပန်ကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စားနပ်ရိက္ခာ စာရင်းများ ပြုစုထားရန်နှင့် ဆန်၊ စပါး၊ ပြောင်းနှင့် ပဲအမျိုးမျိုးတို့အား စနစ်တကျ စုဆောင်းသိုလှောင်ထားရန်၊ မိသားစုဝင်များအတွက် သုံးရက်စာ ဆန်၊ ဆီ၊ ဆားနှင့် အခြေခံဆေးဝါးများအား စနစ်တကျ ထုတ်ပိုး စုဆောင်းထာရန်တို့ကို ပြည်သူလူထုနှင့် စစ်ဘေးရှောင် ပြည်သူများ အထူးသတိပြု လိုက်နာရန် KSCCက ပန်ကြားသည်။

ပြည်သူလူထု အချင်းချင်းအပြန်အလှန် မျှဝေကူညီမှုဖြင့် ကနဦး စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြားခံပေးရန်၊ စားနပ်ရိက္ခာ ပြတ်တောက်ပါက နီးစပ်ရာ ကျေးရွာကော်မတီနှင့် စစ်ဘေးရှောင် စခန်းကော်မတီများထံ ချက်ခြင်း အကြောင်းကြားရန် ၊ သက်ကြီးရွယ်အို နာမကျန်းလူနာ၊ ၁၆နှစ်အောက် ကလေးငယ်များ ကိုယ်ဝန် ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို ဦးစားပေးရန် ပန်ကြားထားသည်။

ဆန်ရေစပါး အမျးအပြားအသုံးပြုရသည့် မည်သည့် မွေးမြူရေးလုပ်ငန်းနှင့် သရေစာထုတ်ကုန်လုပ်ငန်းများအား ရပ်ဆိုင်းရန် အထူးပန်ကြားလိုကြောင်း KSCCက ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူများအစုသည် မိမိတို့၏ နေအိမ်ကျေးရွာများမှ အလျှင်စလို စွန့်ခွာ ထွက်ပြေးရသဖြင့် စားနပ်ရိက္ခာနှင့် အိမ်သုံးပစ္စည်း အနည်းငယ်သာ ယူဆောင်နိုင်ခဲ့ကြောင်း၊ စစ်ဘေးရှောင် ပြည်သူ အများစုသည် စားနပ်ရိက္ခာ အနည်းငယ်နှင့် ယာယီ စစ်ရှောင်စခန်းများတွင် ရပ်တည်နေကြရကြောင်းနှင့် ပြည်သူလူထု အချင်းချင်း အချိန်ကာလ အတန်ကြာသည်အထိ ရိုင်းပင်းပံံ့ပိုးကူညီကြသည်ကိုလည်းသိရှိဂုဏ်ယူအပ်ကြောင်း KSCCက ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။