မတရားဖမ်းဆီးထားတဲ့ အနုပညာရှင်အချို့ကို စစ်ကောင်စီဟာ ဒီနေ့ပြန်လွှတ်ပေးရာမှာ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန် လည်းလွတ်မြောက်လာပြီး နေအိမ်ကို ပြန်ရောက်ပြီလို့ သူရဲ့ ရှေ့နေဖြစ်သူ က ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။
ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း မြောက်ဒဂုံက နေအိမ်မှာ ဖမ်းဆီးခံရကာ မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချခံထားရသူလည်းဖြစ်ပါတယ်။
စစ်ကောင်စီက ဒီနေ့ပြန်လွှတ်ပေးမယ့် အနုပညာရှင်အချို့ စာရင်းကို ထုတ်ပြန်ရာမှာ သရုပ်ဆောင်လူမင်း ၊ ပြေတီဦး၊ ပိုင်တံခွန် ၊ အိန္ဒြာကျော်ဇင်၊ မဝင်းမင်းသန်း တို့ပါဝင်တာတွေ့ရပါတယ်။
ဒါအပြင် ဖေဖော်ဝါရီလ ဆန်းပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ဒါရိုက်တာဝိုင်းလည်း ဒီနေ့ပြန်လွှတ်တဲ့အထဲမှာပါဝင်မယ်လို့ သိရပါတယ်။

Public Service Announcement
ဒီနေ့ပြန်လွှတ်ပေးတဲ့အနုပညာရှင်တွေဟာ စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင် လပိုင်းတွေအတွင်းက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။

















































