Connect with us

Hi, what are you looking for?

News

သရုပ်ဆောင်ပိုင်တံခွန် ပွဲတတ်အခမ်းအနားများမတက်တော့ဘဲ ဖျက်သိမ်း ကြောင်းကြေညာ

ပိုင်တံခွန်ပွဲတက်ခအဖြစ်ရသည့် အနုပညာကြေးမှာ အနည်းဆုံး သိန်းဆယ်ဂဏန်းရှိသောကြောင့် ယခုကာလတွင် ယင်းကဲ့သို့ ဆုံးဖြတ်သည့် အပေါ် လေးစားကြောင်း ပရိသတ်များက ချီးကျူးထားသည်။

၎င်း၏ ဆုံးဖြတ်ချက်အပေါ် ပရိတ်သတ်များ ချီးကျူး

အနုပညာအလုပ်များပြန်လုပ်ကိုင်နေသည့် နာမည်ကျော်သရုပ်ဆောင်ပိုင်တံခွန် က လက်ခံထားသည့် ပွဲတတ်အခမ်းအနားများကို ယခုကာလအတွင်း မတက်တော့ဘဲ ၎င်းဘက်က ဖျက်သိမ်းလိုက်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် တရားဝင်ကြေညာသည်။

“မနှစ်က ဒီလိုနေ့ မနက် ၄ နာရီ ။ကျွန်တော် တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစား ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော့်ထက် အခုချိန်မှာ ပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိတာ ကျနော် နားလည် ပါတယ်။ ဒါကြောင့် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက်တွေ အားလုံး ကျနော့်ဘက်က တရားဝင် ဖျက်သိမ်း လိုက်ပါပြီ”ဟု ပိုင်တံခွန်က အသိပေးရေးသားထားသည်။

ပိုင်တံခွန်ပွဲတက်ခအဖြစ်ရသည့် အနုပညာကြေးမှာ အနည်းဆုံး သိန်းဆယ်ဂဏန်းရှိသောကြောင့် ယခုကာလတွင် ယင်းကဲ့သို့ ဆုံးဖြတ်သည့် အပေါ် လေးစားကြောင်း ပရိသတ်များက ချီးကျူးထားသည်။

Public Service Announcement

Public Service Announcement

“လေးစားပါတယ်။ မြန်မာပြည်ကြီး လွတ်လပ်သွားတဲ့အခါ အောင်မြင်မှုတွေနဲ့ အမြင့်ဆုံးတစ် နေရာမှာရပ်တည်နိူင်မှာပါ”ဟု Tun Lin အမည်ဖြင့်ဖေ့စ်ဘွတ်ခ် အသုံးပြုသူက ပိုင်တံခွန်၏ အသိပေးကြေညာချက်အောက်တွင် မှတ်ချက် ရေးသားထားသည်။

မိုင်ခရီးကလည်း “ဒါမျိုးမှ Respect “ဟု မှတ်ချက်ရေးသားထားသည်။

“respect!! မြန်မာနိုင်ငံက ကြော်ငြာတွေ မရိုက်ဘဲ တခြားနိုင်ငံက ကြော်ငြာ တွေရအောင် Managerကို လုပ်ခိုင်းကြည့်ပါလား။ လိပ်ပြာသန့်သန့်နဲ့ ကိုယ့်အလုပ်ပြန်လုပ်ရတာပေါ့ “ဟု ပရိသတ်တစ်ဦးက အကြံပြုမှတ်ချက်ရေး သားထားသည်။

ပိုင်တံခွန်သည် နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့် ရပ်တည်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီက မတရားပုဒ်မတပ် ဖမ်းဆီးအကျဥ်းချခံခဲ့ရပြီး မတ်လ ၂ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

ထို့နောက် အနုပညာလှုပ်ရှားမှုများအနေဖြင့် စိန်ဆိုင်ဖွင့်ပွဲနှင့် ဆမ်ဆောင်း ဖုန်းအသစ် မိတ်ဆက်ပွဲတို့ကို တတ်ရောက်ခဲ့ပြီး ၎င်းပါဝင်သရုပ်ဆောင် ထားသည့် အားဆေးကြော်ငြာ တစ်ခုလည်း ပရိသတ်များတွေ့မြင်ခဲ့ရသည်။

ပြန်လည်လွတ်မြောက်လာသည့် အနုပညာရှင်များအနက် ပိုင်တံခွန်၏ လှုပ်ရှားမှုများကိုသာ တွေ့မြင်‌နေရပြီး အခြားအနုပညာရှင်များမှာ လက်ရှိအချိန်အထိ ပရိသတ်ရှေ့သို့ ပြန်လည်ထွက်ပေါ်လာခြင်း မရှိသေးပေ။

“တကယ်ခက်ခဲလွန်းနေတဲ့ တချို့အနုပညာရှင်တွေတော့ တတ်နိုင်တဲ့ အလုပ်လေးတွေ လုပ်ပါစေဗျာ”ဟု အခြားအနုပညာရှင်များအတွက် ပိုင်တံခွန်က ထပ်မံမေတ္တာရပ်ခံထားသည်။

လက်ရှိ အချိန်အထိ အကြမ်းဖက်စစ်ကောင်စီက မတရားပုဒ်မတပ် ဖမ်းဆီးခံထားရသည့် အနုပညာရှင်အချို့ အကျဥ်းထောင်အတွင်းရှိနေသေးသလို အနုပညာရှင်အချို့မှာလည်း ရှောင်တိမ်းနေရသည်။

သို့သော် နွေဦးတော်လှန်ရေးပါဝင်ခြင်းမရှိသည့် အနုပညာရှင်များမှာ ပုံမှန်အနေ အထား ရောက်ရှိနေသည့်ပုံစံဖြင့် အနုပညာလှုပ်ရှားမှုများ ပြုလုပ်နေ၍ ပြည်သူများက ဝေဖန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

သတင်း

ရန်ကုန််တိုင်း၊ မှော်ဘီမြို့နယ်က ခြံကို ရောက်ရှိနေချိန် မီးကြိုးတွေ ဖြတ်တောက်အခိုးခံလိုက်ရတာဖြစ်ကြောင်း သရုပ်ဆောင်ခင်လှိုင်က Tiktok က သူ့ရဲ့ Khin Hlaing ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရုပ်သံနဲ့တကွ ဒီကနေ့မှာ အသိပေးခဲ့တာပါ။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

လက်ရှိ ဝင်ငွေအကောင်းဆုံး မင်းသားလေးလက်နဲ့ ရိုက်ကူးထားတဲ့ စစ်ကောင်စီရဲ့“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြစ်တင်လို့ဆိုကာ ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ဘာတွေများ တင်မိခဲ့လို့ပါလဲ။