Connect with us

Hi, what are you looking for?

News

မတ္တရာနယ်တွင် ဆိုင်ကယ်များဖြင့်လာသည့် စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်များ

တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နာရေးကားတစ်စီး၊ အိမ်စီးကား တစ်စီးတို့ဖြင့်လာရောက် သယ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။

▪️စစ်ကောင်စီတပ်သား ၁၂ဦးသေ၊၁၂ဦးဒဏ်ရာရဟု မတ္တရာ (ပကဖ)ထုတ်ပြန်

မန္တ​လေးတိုင်း မတ္တရာမြို့နယ်တွင် ဆိုင်ကယ်များဖြင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကိုဒေသကာကွယ်ရေးတပ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအပြန်အလှန် တိုက်ပွဲဖြစ်ပွား၍စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့(မတ်လ ၄ရက်) နံနက်၁၁နာရီခန့်၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဆိုင်ကယ် ၁၂စီးနဲ့ကျောက်ဆည်လေးရွာဘက်ကိုသွားတယ်။ ကျောက်ဆည်လေးရွာကနေကင်းရွာဘက် ကိုပြန်အလာမှာ ညောင်ငုတ်တိုဆိုတဲ့ နေရာမှာမိုင်းဆွဲပြီး ပစ် ခတ်မှုဖြစ်တယ်။ မိုင်း ၂လုံးကွဲတယ်။ဆိုင်ကယ်မောင်းပြေးတဲ့သူပဲလွတ်တယ် မောင်းမပြေးတဲ့သူ တွေထိခိုက်ဒဏ်ရာရတာ များတယ်။ မောင်းပြေးတာဘယ်နှစ်စီးမောင်းပြေးလဲတော့မသိဘူး”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နာရေးကားတစ်စီး၊ အိမ်စီးကား တစ်စီးတို့ဖြင့်လာရောက် သယ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍မတ္တရာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ရာ မတ္တရာအရှေ့ပိုင်းနယ်သို့နယ်မြေရှင်းလင်းရေးရောက်ရှိနေသည့်အင်အား၂၄ ဦးပါ စစ်ကောင်စီ ဆိုင်ကယ်စစ်ကြောင်းတစ်ခုကိုမတ္တရာမြို့နယ် ကျောက်ဆည်လေး ရွာနှင့် ကင်းကျေးရွာအကြား၌ ယနေ့နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ စစ်ကြောင်းသည် မတ္တရာ အရှေ့ပိုင်းနယ်သို့ရောက်ရှိနေသည်မှာသုံးရက်ရှိပြီဖြစ်ပြီးသဖန်းကိုင်းကျေးရွာ စာသင်ကျောင်း၌ တစ်ညအိပ်တပ်စွဲကာ ပတ်ဝန်းကျင် ကျေးရွာနယ်မြေများသို့နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုသည်။ ယခုတိုက်ခိုက်မှုကို မတ္တရာ(ပကဖ) နှင့် မန္တလေး PDFတို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်မိနစ် အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း၊စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ ပကဖ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာလာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။