Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ၄ရက်ကြာ မြန်မာနိုင်ငံ လာမည်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonnသည် မတ်လ ၂၀ မှ ၂၄ ရက်အထိ ၄ရက်ကြာခရီးစဉ်လာရောက်မည်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က အထူးကိုယ်စားလှယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးမည်မဟုတ်ပေ။

▪️ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရမည်မဟုတ်

အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီးသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်မည်ဖြစ်ကြောင်း Nikkei Asia သတင်းဌာနက ယနေ့ ဖော်ပြသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonnသည် မတ်လ ၂၀ မှ ၂၄ ရက်အထိ ၄ရက်ကြာခရီးစဉ်လာရောက်မည်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က အထူးကိုယ်စားလှယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးမည်မဟုတ်ပေ။

ယင်းတားမြစ်ချက်သည် သက်ဆိုင်သည့်အဖွဲ့အစည်းအားလုံးအကြား တွေ့ဆုံဆွေးနွေးရေးဘုံ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်နေသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် ခရီးစဉ်အတွင်း တွေ့ဆုံမည့်လူပုဂ္ဂိုလ်စာရင်းကို ထုတ်ပြန်ခြင်းမရှိသေးပေ။

အာဆီယံအဖွဲ့ဝင်နိုင်ငံများကမူ အထူးကိုယ်စားလှယ်ခရီးစဉ် အောင်မြင်ရေးအတွက် ခရီးစဉ်မတိုင်မီ အခက်အခဲများကျော်လွှားရေး အကြံပြုခြင်း၊ ကြိုတင်သတ်မှတ်ချက်များကို ဆွေးနွေးခြင်းများလုပ်ဆောင်ရန် မျှော်လင့်ထားကြသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအတွက် အာဆီယံခေါင်းဆောင်များသည် ဧပြီတွင်ကျင်းပသော ထိပ်သီးညီလာခံ၌ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရေးအပါအဝင် ဘုံဆုံးဖြတ်ချက် ၅ရပ်ကို ချမှတ်ခဲ့သည်။

ယမန်နှစ်တွင် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂)သည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးခွင့်မရသဖြင့် လာရောက်ခြင်းမရှိဘဲ ၎င်း၏ အထူးကိုယ်စားလှယ်သက်တမ်းအတွင်း မြန်မာ နိုင်ငံသို့ လာရောက်နိုင်ခဲ့ခြင်းမရှိပေ။

ယခု ၂၀၂၂တွင် ကမ္ဘောဒီးယားက အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူချိန်၌ အထူးကိုယ်စားလှယ်ကို အပြောင်းအလဲလုပ်ကာ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးကိုခန့်အပ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အထူးကိုယ်စား လှယ်တာဝန်ကို ချဉ်းကပ်မှုပုံစံအသစ်ဖြင့် လုပ်ဆောင်မည်ဟုပြောကြားထားပြီး ခရီးစဉ်တစ်ကြိမ်တည်းဖြင့် ပြဿနာအားလုံးဖြေရှင်းနိုင်ရန် မျှော်လင့်ချက်မကြီးသင့်ကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။