Connect with us

Hi, what are you looking for?

News

ယူကရိန်းအရေး ကုလ၌မဲခွဲမှု မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံမဲပေးခဲ့ခြင်းကို ပြင်သစ်သံရုံးကြိုဆို

မြန်မာနိုင်ငံသည် စစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်နေရသည့်အတွက် ယူကရိန်းပြည်သူများ ကြုံတွေ့နေရသောဒုက္ခများကို တခြားသူများထက် ပိုမိုနားလည်မျှဝေခံစားနိုင်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မဲခွဲမှုမပြုမီ ကုလ သမဂ္ဂ၌ ပြောကြားခဲ့သည်။

ယူကရိန်းအပေါ် ရုရှား၏ စစ်ရေးကျူးကျော်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ရာတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ခံမဲပေးခြင်းကို ပြင်သစ်သံရုံးက ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်သည်။

အထက်ပါ မဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၃၅ မဲဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုဆုံးဖြတ်ခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စား ထောက်ခံမဲပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်နေရသည့်အတွက် ယူကရိန်းပြည်သူများ ကြုံတွေ့နေရသောဒုက္ခများကို တခြားသူများထက် ပိုမိုနားလည်မျှဝေခံစားနိုင်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မဲခွဲမှုမပြုမီ ကုလ သမဂ္ဂ၌ ပြောကြားခဲ့သည်။

ဆုံးဖြတ်အတည်ပြုခဲ့သည့် အဆိုမှာ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်ရန်စမှုများကို ပြတ်သားစွာရှုတ်ချထားပြီး ရုရှား၏ စစ်အင်အားလုံးကို ယူကရိန်းပိုင်နက်အတွင်းမှ ခြွင်းချက်မရှိ ချက်ချင်းဆုတ်ခွာပေးရန် တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်အတည်ပြုချက်သည် စည်းနှောင်မှုမရှိသဖြင့် ရုရှားက ယင်းဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက မည်သို့မျှ အရေးယူ၍ မရပေ။

ပြီးခဲ့သည့် မတ်လ ၂ရက်တွင် ပြင်သစ်သမ္မတ Emmanuel Macron က မိန့်ခွန်းပြောကြားခဲ့ရာ ရုရှားတပ်ဖွဲ့များက ကိယက်ဗ်မြို့ကို ဗုံးကြဲတိုက်ခိုက်နေကာ နိုင်ငံအတွင်း မြို့ကြီးများကို ဝိုင်းထားသောကြောင့် လူများ ရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး ဒုက္ခသည် ရာနှင့်ချီ၍ ပြေးနေကြရကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။