Connect with us

Hi, what are you looking for?

News

NUG ဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ် ၁၀ ဦးကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲတယ်လို့စစ်ကောင်စီကြေညာ

NUG ဝန်ကြီးတွေဖြစ်တဲ့ ဦးရည်မွန် ၊ ဒေါက်တာဇော်ဝေစိုး ၊ ဦးလွင်ကိုလတ် ၊ ဒေါ်ဇင်မာအောင် ၊ ဦးအောင်မျိုးမင်း ၊ မအိသဉ္စာမောင် ၊ ဒေါက်တာဆာဆာ တို့ကို နိုင်ငံသားအဖြစ်က ရပ်စဲတယ်လို့ စစ်ကောင်စီကဆိုပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ရဲ့ ဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ် ၁၀ ဦးကို မြန်မာ နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ အာဏာလု စစ်ကောင်စီက ကြေညာပါတယ်။

NUG ဝန်ကြီးတွေဖြစ်တဲ့ ဦးရည်မွန် ၊ ဒေါက်တာဇော်ဝေစိုး ၊ ဦးလွင်ကိုလတ် ၊ ဒေါ်ဇင်မာအောင် ၊ ဦးအောင်မျိုးမင်း ၊ မအိသဉ္စာမောင် ၊ ဒေါက်တာဆာဆာ တို့ကို နိုင်ငံသားအဖြစ်က ရပ်စဲတယ်လို့ စစ်ကောင်စီကဆိုပါတယ်။

ဒါအပြင် အဲဒီစာရင်းမှာ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင် အပြင် ဦးမျိုးရန်နောင်သိမ်း ၊ မအိပန်ဆယ်လို တို့လည်းပါဝင်တာတွေ့ရပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်သူတွေကို မတရားပုဒ်မတွေကပ်ကာ ဖမ်းဆီးဝရမ်းထုတ်တာတွေရှိနေသလို အိမ်တွေကို ချိတ်ပိတ်တာကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ