Connect with us

Hi, what are you looking for?

LuduNwayOo

News

တီးတိန်-ဖလမ်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေဟုဆို

မတ်လ ၅ နံနက် ၆နာရီခန့်မှစ၍ ချင်းပြည်နယ် ရိခေါ်ဒါ ရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးစုပေါင်းတပ်များမှ ၁နာရီခွဲခန့်ကြာ သွားရောက်တိုက်ခိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Civic Defense Militia –Siyin (CDM-Siyin)က သတင်းထုတ်ပြန်သည်။

(PDF – Zoland ရဲ​ဘော်များကို ​တွေ့ရစဥ်)

ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်အစပ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ချင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Zoland) တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လ ၅ နံနက် ၆နာရီခန့်မှစ၍ ချင်းပြည်နယ် ရိခေါ်ဒါ ရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးစုပေါင်းတပ်များမှ ၁နာရီခွဲခန့်ကြာ သွားရောက်တိုက်ခိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Civic Defense Militia –Siyin (CDM-Siyin)က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်များမှ ဒဏ်ရာရသူအနည်း ငယ်ရှိကြောင်း ၊ ရိခေါ်ဒါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးတပ်များဖြစ်သည့် PDF-Zoland၊ CDM-Siyin၊ CNDF၊ CNA ၊ CDF – Hualngoတို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ PDF-Zoland ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့ PDFဘက်က လုပ်တာက နေရာက နှစ်နေရာ။ ရိဒ်ဘက်မှာရှိတဲ့ တပ်စခန်း တစ်ခုရယ် ပြီးတော့ ဂျောင်မှာရှိတဲ့ တပ်စခန်းတစ်ခုရယ် အဲဒီနှစ်ခုကိုတစ်ပြိုင်တည်း တိုက်တာ။ နယ်စပ်စခန်းတွေ။ ရိဒ်ဘက်မှာရှိတာက သူတို့ စခန်းအကြီးပေါ့။ ဂျောင်မှာရှိတာက စခန်းလို့ပြောလို့တော့ ရတယ်။ သိပ်ပြီးမှ ကြီးမားတဲ့ စခန်းကြီးတော့မဟုတ်ဘူး။ ရိဒ်က ဖလမ်းမြို့နယ်မှာ။ ဂျောင်ဆိုတာက တီးတိန်မြို့နယ်။ အဲဒီ ဂျောင်နဲ့ ရိဒ်က နီးနီးလေးပဲ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံများရှိသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

“ဒေသခံတွေရှောင်နေရတယ်။ ဒေသခံတွေကတော့ သူတို့က ငါးမိနစ်လောက်ဆိုရင်တော့ အိန္ဒိယနိုင်ငံကို ရောက်တယ်”ဟု PDF – Zoland တာဝန်ရှိသူက ပြော သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖလမ်းမှ ဟားခါးသို့ ရိက္ခာပို့သွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များသေဆုံးထိခိုက်မှုများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။