Connect with us

Hi, what are you looking for?

News

တီးတိန်-ဖလမ်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေဟုဆို

မတ်လ ၅ နံနက် ၆နာရီခန့်မှစ၍ ချင်းပြည်နယ် ရိခေါ်ဒါ ရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးစုပေါင်းတပ်များမှ ၁နာရီခွဲခန့်ကြာ သွားရောက်တိုက်ခိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Civic Defense Militia –Siyin (CDM-Siyin)က သတင်းထုတ်ပြန်သည်။

(PDF – Zoland ရဲ​ဘော်များကို ​တွေ့ရစဥ်)

ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်အစပ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ချင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Zoland) တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လ ၅ နံနက် ၆နာရီခန့်မှစ၍ ချင်းပြည်နယ် ရိခေါ်ဒါ ရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးစုပေါင်းတပ်များမှ ၁နာရီခွဲခန့်ကြာ သွားရောက်တိုက်ခိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Civic Defense Militia –Siyin (CDM-Siyin)က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်များမှ ဒဏ်ရာရသူအနည်း ငယ်ရှိကြောင်း ၊ ရိခေါ်ဒါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးတပ်များဖြစ်သည့် PDF-Zoland၊ CDM-Siyin၊ CNDF၊ CNA ၊ CDF – Hualngoတို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ PDF-Zoland ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့ PDFဘက်က လုပ်တာက နေရာက နှစ်နေရာ။ ရိဒ်ဘက်မှာရှိတဲ့ တပ်စခန်း တစ်ခုရယ် ပြီးတော့ ဂျောင်မှာရှိတဲ့ တပ်စခန်းတစ်ခုရယ် အဲဒီနှစ်ခုကိုတစ်ပြိုင်တည်း တိုက်တာ။ နယ်စပ်စခန်းတွေ။ ရိဒ်ဘက်မှာရှိတာက သူတို့ စခန်းအကြီးပေါ့။ ဂျောင်မှာရှိတာက စခန်းလို့ပြောလို့တော့ ရတယ်။ သိပ်ပြီးမှ ကြီးမားတဲ့ စခန်းကြီးတော့မဟုတ်ဘူး။ ရိဒ်က ဖလမ်းမြို့နယ်မှာ။ ဂျောင်ဆိုတာက တီးတိန်မြို့နယ်။ အဲဒီ ဂျောင်နဲ့ ရိဒ်က နီးနီးလေးပဲ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံများရှိသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

“ဒေသခံတွေရှောင်နေရတယ်။ ဒေသခံတွေကတော့ သူတို့က ငါးမိနစ်လောက်ဆိုရင်တော့ အိန္ဒိယနိုင်ငံကို ရောက်တယ်”ဟု PDF – Zoland တာဝန်ရှိသူက ပြော သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖလမ်းမှ ဟားခါးသို့ ရိက္ခာပို့သွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များသေဆုံးထိခိုက်မှုများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။