Connect with us

Hi, what are you looking for?

News

ကျောက်ထုတွင် ပတ်ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနှစ်ဦးသေဟု PDF ပြော

တိုက်ပွဲဖြစ်စဥ်အပြီး ကျောက်ထုလေတပ်အတွင်းသို့ ရဟတ်ယာဥ်တစ်စီးဖြင့် ပထမတစ်ကြိမ် စစ်ကောင်စီတပ်သားနှင့် လက်နက်ခဲယမ်းများလာချသွားပြီး ဒုတိယအခေါက်တွင် ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ခေါ်ဆောင်သွား သည်ဟု သိရသည်။

မကွေးတိုင်း ယောဒေသရှိ ကျောက်ထုမြို့မရဲစခန်းမှ မြို့ထဲသို့ ပတ်ကင်းလှည့် လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ နေရာတွင်ပင် ခုနှစ်ဦးသေဆုံးသည်ဟု ကျောက်ထု PDF က အသိပေးထုတ်ပြန်သည်။

ယနေ့(မတ်လ ၈ ရက်) နံနက် ၈နာရီခွဲခန့်က စစ်ကောင်စီတပ်သား (ရဲများအပါအဝင်) ၂၀ ဦးခန့်ကို ကျောက်ထု PDF မြို့ပြပျောက်ကြားတပ်ဖွဲ့နှင့် CDF (Mindat) တို့ပူးပေါင်း၍ မိုင်း ၃ လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

မောင်းပြန်စာမိ၍ နေရာတွင်ပင် စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးပြီး မိုင်းထိ၍ ၈ဦးခန့် ထိခိုက်ခဲ့ကြောင်း ကျောက်ထု PDF က ပြောသည်။

ထို့အပြင် အပြန်အလှန်ထိတွေ့မှုဖြစ်နေစဥ် ရဲစခန်းမှတပ်ကူမလာနိုင်ရန် ကျောက်ထု PDF လက်နက်ကြီး တပ်ဖွဲ့မှ ကျောက်ထုမြို့မရဲစခန်းအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်ကြောင့် စခန်းတွင်းထိခိုက်ကျဆုံးမှုများအားမသိရသေးပေ။ တိုက်ပွဲ ဖြစ်စဥ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိ ကြောင်းလည်း အသိပေးထားသည်။

တိုက်ပွဲဖြစ်စဥ်အပြီး ကျောက်ထုလေတပ်အတွင်းသို့ ရဟတ်ယာဥ်တစ်စီးဖြင့် ပထမတစ်ကြိမ် စစ်ကောင်စီတပ်သားနှင့် လက်နက်ခဲယမ်းများလာချသွားပြီး ဒုတိယအခေါက်တွင် ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ခေါ်ဆောင်သွား သည်ဟု သိရသည်။

ကျောက်ထုအမြှောက်တပ်ထဲမှလည်း တင့်ကားနှစ်စီး ကျောက်ထုဘဏ်ရုံးနား တွင်ရပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေသည့်အပြင် မြို့အတွင်း ရမ်းသမ်းပစ်ခတ်နေပြီး အိမ်အပြင်ထွက်ပါက ပစ်မိန့်ပေး ထားသည်ဟုလည်း ကျောက်ထု PDFက ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ အ​ပြစ်မဲ့ပြည်သူ အမျိုးသမီး သုံးဦးနှင့် အမျိုး သားနှစ်ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။