Connect with us

Hi, what are you looking for?

News

ရေးမြို့ စည်ပင်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း MSRU ပြော

“အထိအခိုက်တော့ မသိရသေးဘူး။စကစက ကောင်တွေ လာစစ်ဆေးတာနဲ့ ကင်းပုန်းဝပ်တာ တွေတော့ ရှိတယ်”ဟု MSRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ် စည်ပင်သာယာရေးရုံးကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အစည်းအရုံ(MSRU)က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၉ ရက်) ညနေ ၄နာရီခန့်က အဝေးထိန်းမိုင်းဖြင့် စည်ပင်ရုံးကို ဖောက်ခွဲခဲ့သည် ဟု MSRUက ဆိုသည်။

“အထိအခိုက်တော့ မသိရသေးဘူး။စကစက ကောင်တွေ လာစစ်ဆေးတာနဲ့ ကင်းပုန်းဝပ်တာ တွေတော့ ရှိတယ်”ဟု MSRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ စည်ပင်ရုံးမှ Non CDM ဝန်ထမ်းများသည် ပြည်သူများထံမှ မတရားငွေကြေး ကောက်ခံခြင်း၊လာဘ်စားခြင်း၊စစ်ကောင်စီ အပေါ် အမှီပြု၍ စျေးသူ၊စျေးသားများကို အခွန်မတရား ကောက်ခံနေသည်ကို သိရှိရသဖြင့် သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍ စစ်ကောင်စီနှင့် ဆက်စပ်ပတ် သက်သည့် ရုံး၊ဌာနများကို အလှည့်ကျ ဖောက်ခွဲမှုများပြုလုပ်မည်ဟုလည်း MSRU က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို နေရာနှစ်ခုမှာတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အရာရှိ အပါအဝင် ၃ဦး သေဆုံးခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ (၅၉၁)တပ်ရင်းမှ တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ နည်းဗျူဟာ(၃၃)၊ ဒေါနစစ် ကြောင်း(၂)၊ ရေးပြောက်ကျားတပ်(YGF)ထံ အလင်းဝင်ရောက်လာတယ်လို့ YGF မှ တာဝန်ရှိသူတဦးက ပြောပါတယ်။