Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေးမြို့ စည်ပင်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း MSRU ပြော

“အထိအခိုက်တော့ မသိရသေးဘူး။စကစက ကောင်တွေ လာစစ်ဆေးတာနဲ့ ကင်းပုန်းဝပ်တာ တွေတော့ ရှိတယ်”ဟု MSRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ် စည်ပင်သာယာရေးရုံးကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အစည်းအရုံ(MSRU)က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၉ ရက်) ညနေ ၄နာရီခန့်က အဝေးထိန်းမိုင်းဖြင့် စည်ပင်ရုံးကို ဖောက်ခွဲခဲ့သည် ဟု MSRUက ဆိုသည်။

“အထိအခိုက်တော့ မသိရသေးဘူး။စကစက ကောင်တွေ လာစစ်ဆေးတာနဲ့ ကင်းပုန်းဝပ်တာ တွေတော့ ရှိတယ်”ဟု MSRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ စည်ပင်ရုံးမှ Non CDM ဝန်ထမ်းများသည် ပြည်သူများထံမှ မတရားငွေကြေး ကောက်ခံခြင်း၊လာဘ်စားခြင်း၊စစ်ကောင်စီ အပေါ် အမှီပြု၍ စျေးသူ၊စျေးသားများကို အခွန်မတရား ကောက်ခံနေသည်ကို သိရှိရသဖြင့် သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍ စစ်ကောင်စီနှင့် ဆက်စပ်ပတ် သက်သည့် ရုံး၊ဌာနများကို အလှည့်ကျ ဖောက်ခွဲမှုများပြုလုပ်မည်ဟုလည်း MSRU က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်း

စစ်ကောင်စီ၏ ပစ်မှတ်များကိုလည်း ဆက်တိုက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများကို ဝေးဝေးမှရှောင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။