Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ရှိ စကခ(၁၉) လက်နက်တိုက် မီးလောင်​ပေါက်ကွဲမှုဖြစ်

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

စကခ ၁၉ ရဲ့လက်ရုံးတံဆိပ်

ဧပြီ-၂၀၊၂၀၂၆။မိုမို/People’s Spring

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့လယ် ၃နာရီဝန်းကျင်ကစပြီး ရေးမြို့အဏ္ဏဝါရပ်ကွက်အနီးမှာရှိတဲ့ စကခ(၁၉ )ရဲ့ လက်နက်တိုက်ဟာ ၂ နာရီကျော်ကြာ မီးလောင်​​ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ ရောက်လာတယ်။ ဒီကနေ့(ဧပြီ ၂၀ ရက်) သူတို့စစ်ဆေးမှုအကြီးအကျယ်လုပ်မယ်။တပ်တွင်း မပြေလည်မှုနဲ့၊နားလည်မှုလွဲတာတွေလည်းရှိတယ်လို့လည်းကြားတယ်” လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုဖြစ်စဥ်အသေးစိတ်နဲ့ ထိခိုက်သေဆုံးသူ ရှိ၊မရှိကို အသေးစိတ်စိစစ်နေဆဲလို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တချို့က အသိပေးပါတယ်။

“ မနေ့က ဖြစ်သွားတဲ့ပေါက်ကွဲမှုက နည်းနည်း နောနောမဟုတ်ဘူး။စဖြစ်တာနဲ့ သေဆုံးထိခိုက်မှုတွေကို ကျွန်တော်တို့ အတည်ပြုမရသေးဘူး” လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ရေးမြို့နယ်မှာစစ်ကောင်စီရဲ့အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ(၆၁)၊ ခလရ (၂၉၉)၊ ခမရ(၃၄၃)၊ ခမရ -၅၈၆၊ ခမရ(၂၈၇)နဲ့အမှတ်(၃၁၆)အမြောက်တပ်ရင်း (အမတ-၃၁၆)တွေရှိပါတယ်။

လက်ရှိမှာ စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)ဌာနချုပ်ရှိတဲ့ပန်ဆန်း(ပန်ခမ်း)မြို့ရဲ့အပြင်ယောင်းပန်းရွာမှာယမ်းသို​လှောင်ထားတဲ့စက်ရုံ မီးလောင်ပေါက်ကွဲပြီး သေဆုံးထိခိုက်သူများပြားတယ်လို့ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို နေရာနှစ်ခုမှာတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အရာရှိ အပါအဝင် ၃ဦး သေဆုံးခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။