Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်အတွင်း စစ်တပ်ကင်းစခန်းနဲ့ လှည့်ကင်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို နေရာနှစ်ခုမှာတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အရာရှိ အပါအဝင် ၃ဦး သေဆုံးခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MSRF

စစ်တပ်အရာရှိအပါအဝင် သေဆုံးမှုရှိဟု MSRF ထုတ်ပြန်

ဧပြီ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို နေရာနှစ်ခုမှာတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အရာရှိ အပါအဝင် ၃ဦး သေဆုံးခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီလဆန်းပိုင်းမှာ ရေးတောင်ပိုင်း ရင်းဒိန် ကျေးရွာနဲ့ ရင်းရယ်ကျေးရွာကြားက စစ်ကောင်စီတပ်ရဲ့ တိုက်ကင်းနဲ့ ရေးမြို့နယ် ခေါဇာမြို့အခြေစိုက် ခလရ-၃၁တပ်ရင်း ကာကင်းစခန်းကို ညီနောင်တပ်ဖွဲ့မှ ပြောက်ကျားတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၃ရက် မနက်က ရင်းဒိန်နဲ့ ရင်းရယ်ကြား ကင်းလှည့်နေတဲ့ စစ်တပ် တိုက်ကင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ် ၁ဦး၊ တပ်သား ၂ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့ဟု ထုတ်ပြန်ပါတယ်။

ဧပြီ ၅ရက် ညပိုင်းမှာတော့ ခေါဖာအခြေစိုက် ခလရ(၃၁)တပ်ရင်းရဲ့ ကာကင်းကို အလစ်ဝင်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ထိခိုက်သေဆုံး အခြေအနေ စုံစမ်းဆဲဖြစ်ဟု ဖော်ပြပါတယ်။ စစ်ဆင်ရေးမှာ ညီနောင်တပ်ဖွဲ့က အထိအခိုက်မရှိ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ကြောင်း အသိပေးပါတယ်။

စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ ညီနောင်တပ်ဖွဲ့မှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ PDF နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် (၈၀၀၂) တို့ ပါဝင်ပါတယ်။

MSRF ပါဝင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဟာ မတ်လ ၃၀နဲ့ ၃၁ရက်ကလည်း ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးဖော်ဆောင်ခဲ့ပါတယ်။

မတ်လ ၃၀ရက်ကလည်း ရေးမြို့နယ် အောင်သပြေရွာအနီးစစ်ကောင်စီတပ်ကို ဗုံးသီး ၁လုံး ကြဲချတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ၁ဦးသေဆုံးခဲ့သလို နောက်နေ့ မတ်လ ၃၁ရက် ညမှာလည်း အောင်သပြေကျေးရွာအနီး စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီး ၆လုံး ကြဲချခဲ့ရာ စစ်ကောင်စီ ၄ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

ညီနောင်ဒရုန်းတပ်ပေါင်းစုကို MSRF နဲ့ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (အမှတ်-၈၀၀၂ တပ်ရင်း)(KBDF)၊ ရေးပြောက်ကျားတပ်ရင်း (အမှတ်-၈၀၀၁ တပ်ရင်း)(YGF) တိုက ဒရုန်းတပ်ဖွဲတွေနဲ့ စုစည်းထားတာဖြစ်ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်မှာ MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁)နဲ့ ရေး‌ပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲတို့ ပူးပေါင်းပါဝင်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရေးမြိုနယ်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာလို တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာ နှစ်လခန့်ရှိပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ အခြေစိုက်ရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်မှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။