Connect with us

Hi, what are you looking for?

News

တစ်ပတ်အတွင်းစစ်ရှောင် ငါးသောင်းကျော် တိုး

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူဦးရေ ၁,၀၀၀ ခန့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေကြရသည်ဟုဆိုသည်။

●စစ်အုပ်စု အာဏာသိမ်းပြီး‌​နောက် နေရပ်စွန့်ခွာရသူ ၅သိန်းကျော်ရှိဟု UNHCRထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း၌ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူစုစုပေါင်း ၅သိန်းကျော်ရှိလာပြီး ၅သောင်းကျော်မှာ တစ်ပတ်တာအတွင်း တိုးမြှင့်လာသည့် အရေအတွက်ဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့်လတ်တလောတွင် စစ်ကိုင်း၊ ကရင်နီ(ကယား)၊ ချင်း၊ မကွေး စသည့် ဒေသများရှိ ဒေသခံ ပြည်သူလူထုများနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်သတ်ဖြတ်မှုများ၊ ထိုးစစ်ဆင်မှုများကြောင့် သေဆုံးခဲ့ရသည့် ဒေသခံပြည်သလူထုများစွာရှိနေပြီး ကျေးရွာအများအပြားရှိ ပြည်သူလူထု နေအိမ်များလည်းမီးရှို့ဖျက်ဆီးခံနေရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖြစ်ပွားလျက်ရှိသော ဖြစ်ရပ်များကြောင့် မတ်လ ၁ ရက် အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင်နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၅၀၁,၀၀၀အထိ ရှိလာခဲ့ပြီး ခုနှစ်ရက်တာ ကာလအတွင်း လူဦးရေ ငါး သောင်းကျော်တိုးမြှင့်လာခဲ့ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ​ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ​ကြောင့် ၊အကြမ်းဖက်စစ်​ကောင်စီ စစ်​ကြောင်းများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်ရ​သောပြည်သူ​နေ့စဥ် တိုး​နေပြီးမြေပြင်အ​ခြေအ​နေတွင်ယခုထက်ပိုများနိုင်​သည်။

Public Service Announcement

Public Service Announcement

ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့သွားသူများအနက် အချို့သည် နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သောဒေသများတွင် ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေ နှင့် ဆောင်း ရာသီသုံးပစ္စည်းများ လုံလောက်စွာမရရှိနိုင်သောကြောင့်မူလနေထိုင်ရာ ကယားပြည်နယ်သို့ နေရပ်ပြန်နေကြရ ကြောင်း၊ တစ်ဖက်တွင်လည်း ကယားပြည်နယ် အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၍ ယင်းနေရပ်ပြန်များ အနေဖြင့်နေရပ်စွန့်ခွာရခြင်းများတစ်ကျော့ပြန်လည်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း UNHCRက ခန့်မှန်းထားသည်။

ကံကြိုင်နှင့် ညောင်ရွှေမြို့တို့ရှိ နေရပ်စွန့်ခွာနေထိုင်သူဦးရေ ၅၀၀ ခန့်ကို တာပေါ်လင်များနှင့် ဖျာများ ပေးအပ်ထောက်ပံ့ပေးခဲ့ပြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၁၃,၀၀၀ ကျော်အထိ အကူအညီများ ပေးအပ်နိုင်ခဲ့ပြီဟုလည်း UNHCRက အသိပေးသည်။ အရေးပေါ်အကူအညီ များဖြန့်ဝေခြင်း လုပ်ငန်းများအား ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ညှိနှိုင်းကူညီဆောင်ရွက်နေသည်ဟုဆိုသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူဦးရေ ၁,၀၀၀ ခန့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေကြရသည်ဟုဆိုသည်။

မိုးမောက်မြို့နယ်တွင် လူဦးရေ ၁,၀၀၀ ခန့် နေရပ်စွန့်ခွာနေထိုင်ရမှုများဖြစ်ပွားပြီးနောက် ယင်းနေရပ်စွန့်ခွာ နေထိုင်ရသူများ၏အဓိကလိုအပ်ချက်များကိုရှာဖွေဖော်ထုတ်နိုင်ရန် အကဲဖြတ်စစ်တမ်းကောက်ယူမှု များကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် နေရပ်ပြန်သည့်အခြေအနေများကိုလည်း စောင့်ကြည့်လေ့လာ လျက်ရှိပြီး UNHCR နှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ကျန်ရှိနေသေးသောနေရပ်စွန့်ခွာသူများအား အစားအစာမဟုတ်သည့် အရေးပေါ်ပစ္စည်းများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ချင်းပြည်နယ်တွင်လည်း နေရပ် စွန့်ခွာရွှေ့ပြောင်းနေထိုင်ရမှုများ မြှင့်တက်လာလျက်ရှိကြောင်း ဖော်ပြထားသည်။

အနောက်မြောက်ပိုင်းဒေသတွင် ဘေးကင်းလုံခြုံမှုအခြေအနေမတည်ငြိမ်လျက်ရှိပြီး လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားလျက်သောကြောင့် သီးနှံများရိတ်သိမ်းမှုများ နှင့် အခြားသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများတွင် ပြင်းထန်စွာထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပွားလျက်ရှိသည်ဟုဆိုသည်။

ယင်းဖြစ်ရပ်များကြောင့် နေရပ် စွန့်ခွာသူများသည် အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် အခြားသောအခြေခံလိုအပ်ချက် ဝန်ဆောင်မှုများစသည့်အကူအညီများ အရေးတကြီးလိုအပ်လျက်ရှိနေကြောင်း အသိပေးထားသည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် ပေါက်တောရှိ နေရပ်စွန့်ခွာစခန်းများတွင်နေထိုင်နေသည့် နေရပ်စွန့်ခွာနေထိုင်ရသူ အချို့သည် ကျန်းမာရေးဆိုင်ရာပံ့ပိုးကူညီမှုများမလုံလောက်မှုကြောင့် ကာလဝမ်းရောဂါကူးစက်ခံရမှုများ ခံစားရလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။